Tuesday 1 April 2014

ဖားကန့ှ် ပြည်လုံးကျွတ် ဓမ္မသဘင်ပွဲ အောင်မြင်စွာပြီးဆုံး


31 March 2014
လူ (၁) သောင်းကျော် တက်ရောက်သည့် ဖားကန့်မြို့နယ် ဇွပ်ရာကျေးရွာတွင် ကျင်းပသော (၃၇) ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် သင်းလုံးကျွတ်အစည်းအဝေးကြီး အား ၂၀၁၄ မတ်လ ၂၇ ရက်နေ့ညနေမှ စတင်လိုက်ပြီး မတ်လ(၃၀)ရက်နေ့တွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရသည်။
ယခုအစည်းအဝေးကြီးအား (၄) နှစ်တွင် တစ်ကြိမ် ကျင်းပလျှက်ရှိပြီး ထိုအစည်းအဝေးပွဲတွင် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် တွင် အမှူထမ်းဆောင်သည့် ဘာသာရေးခေါင်းဆောင်သစ်များအား ပြန်လည် ရွှေးချယ်သည့် အစည်းအဝေးပွဲကြီးလည်းဖြစ်သည်။
အဆိုပါစည်းဝေးတွင် ကျန်သည့်ခေါင်းဆောင်များ အပြောင်းအလဲဖြစ်သော် လည်း ကေဘီစီအတွင်ရေးမှူး ဒေါက်တာခလန်ဆန်ဆွမ်က ဆက်လျက်ပြီး အတွင်းရေးမှူး တာဝန်ကိုထမ်းဆောင်မည် ဖြစ်သည်။
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်တွင် တာဝန်ထမ်းဆောင်သူများအား (၄) နှစ်လျှင်တစ်ကြိမ် ဒီမိုကရေစီနည်းလမ်းတကျ ပြန်လည် ရွှေးချယ်တင်မြှောက်လျှက်ရှိသည်။
ယခုအစည်းအဝေးပွဲကြီးတွင် မြန်မာနိုင်ငံအနံ့ရှိ ဇုံနယ် (၁၅) ခုအသင်းသူအသင်းသားများနှင့် အနီးအနားပတ်ဝန်းကျင်ရှိ အခြားဘာသာခြားများစုစုပေါင်းအယောက် (၁) သောင်းခန့် တက်ရောက်ကြသည်။
ယခင်ကအစည်းအဝေးကြီးများတွင် မနောအကကခြင်းကိုမပြုလုပ်ခဲ့သော်လည်းယခုတစ်ကြိမ်တွင် ဘုရားသခင်အားကျေးဇူးတော်ချီးမွမ်းသည့် မနောအကကိုလည်းကကြသည်။ မနောအကတွင် အစည်းအဝေးပွဲကြီးသို့တက်ရောက်လာသည့် မည်သူမဆိုမနောအကတွင် ပါဝင်ဆင်နွှဲနိုင်သည်။
ညအစီအစဉ်များတွင် ဇုံနယ်အလိုက် အကပြိုင်ခြင်း၊ စင်တင်တေးဂီတ စတိတ်ရှိုး၊ လူရွင်တော် ပြဇာတ်များစသည့် အစီအစဉ်များကိုလည်းကျင်းပလျှက်ရှိသည်။
အစည်းအဝေးပွဲကြီးအား မတ်လ (၃၀) ရက်နေ့အထိကျင်းပသွားမည်ဖြစ်ပြီးယခင်(၃၆) ကြိမ်မြောက် ကချင်နှစ်ခြင်းခရစ်ယာန် အဖွဲ့ချုပ် သင်းလုံးကျွတ် အစည်းအဝေးကြီးအား ဗန်းမော်မြို့နယ်ရှိ ရောဘတ်နှစ်ခြင်းဘုရားကျောင်း (Robert) တွင် ကျင်းပခဲ့သည်။
kachinwaves news



No comments:

Post a Comment