Pasian' hehpihna tawh a (3) veina Tedim Baptist Convention Youth
Leadership Training, May 20-24,2014 sung Teeklui Tuiphum Pawlpi inntek
sepna tawh nuamtakin kibawl thei hi. Thusinna hun sungah TBC gam sung
pawlpite pan khangno makai (121) kipai thei aa,anuai abangin thusinna
kinei thei hi.
Thubulphuh: "Lungdam ko-a thu a ngen khangno"
(Lt.50:23,100:1-2,I Thes.5:16-18,Heb.13:15)
Thusung Thului
Pa Suan Khan Dongh(Pu Peek) Youth and Law
Rev. Thang Go Khup Baptist Distinctive
Rev.Dr. Thang Cin Lian Youth and Management
Thusunte zong lunglut huai mahmah in khangnoten zong thu duh thei
mahmah ahih manin kuamah a vak thepthup cih zong om se lo aa thu
kingai dimdiam in thangah huai mahmah hi.
Nitaksim biakpiakna hun ah Sakollam Tuiphum Khangno ten Praise and
Worship nopci takin hong makaih ziahziah uh hi.
Nitakkhat group zui-in siamna tuamtuam kidemna hunah khangnote'n
siamna tuamtuam hong lakin tha kingah mahmah hi.
Nisim nitaklam nai 3:00-5:00 pm sung group zui-in numei,pasal kimawlna
kinei aa nuam kisa mahmah hi.
Atawpna nitakin thusin aa hong pai teng leh kikhop hong sim tengin
khuaimei de-in thusin na teng leh Rev. Dr. Thang Cin Lian'
hunzatnate(sermon) lungngai kawmin Youth Director' makaihna tawh
ki-apna hun khat kinei aa,mipi te khitui nulkawmin Topa' tungah ki-ap
ziahziah uh hi.Kikhop man ciangin Sing song service hun tawh kizom
suak aa khangthak lasiam tampi om ahih lam hong phawksak hi.
Zankim 12:00 hun ciangin Maikum teh a (6) veina TBC Youth Conference,
Phaileng Tuiphum Pawlpi ah kimukik ciatni cih tawh mangpha kikhak in
zinciat kizuan hi.
"Gam khat, Pawlpi khat a kikhel nadingin tua gam, tua pawlpi sungah a
om khangnote akikhel phot kul ding hi. Khangnote akikhel kei leh
kikhelna taktak piang zolo ding hi." Tua hi-a, hih thusinna tungtawn
in i gam i pawlpi adingin phattuamna tampi om ding hi cih lam etna
lianpi i nei hi.
Thupuak,
Rev. Cin Khan En
Director
Youth Department
Wednesday, 28 May 2014
ရွေးကောက်ပွဲကော်မရှင် ဘယ်ကို သွားနေသလဲ၊ ရွေးကောက်ပွဲ ဘာလဲ
သမ္မတဦးသိန်းစိန်နှင့်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးတို့အား ၂၀၁၃ ခုနှစ် မတ်
၂၁ ရက်တွင် နယူးဇီလန်နှင့် သြစတြေးလျနိုင်ငံများသို့ သွားရောက်သည့်
ခရီးစဉ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသည်ကို တွေ့ရစဉ်။
သမ္မတဦးသိန်းစိန်သည် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်
တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များတွင်
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးကို ခေါ်ဆောင်သွားလေ့ ရှိသည်။
(ဓာတ်ပုံ-သမ္မတရုံးဝက်ဘ်ဆိုက်)
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ကြိုတင်မဲကိစ္စများ အပါအ၀င် မမျှတမှုများ
ရှိခဲ့ပြီး ထိုအချိန်က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို စစ်ဥပဒေချုပ်
တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယတရားသူကြီးချုပ် ဦးသိန်းစိုးက ဦးဆောင်ခဲ့သည်။၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးကို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌအဖြစ် ပြောင်းရွေ့ တာဝန်ပေးအပ်လိုက်သည်။ လစ်လပ်သွားသော ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နေရာ၌ ယခင်တပ်မတော်အစိုးရလက်ထက် နံပါတ်ခြောက်အဆင့်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးကို အစားထိုးခန့်အပ်ရန် သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်၌ လွှတ်တော်သို့ တင်သွင်းခဲ့သည်။ ဦးတင်အေးသည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မန္တလေးတိုင်း တံတားဦးမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်ကာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဖြစ်ခဲ့သည်။
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်၌ ဦးတင်အေးက လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်လိုက်ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် အမည်စာရင်း တင်သွင်းခံခဲ့ရခြင်းဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူခဲ့ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို ဦးတင်အေးက ပြုလုပ်ပေးခဲ့သည်။ ထို့နောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် မဟာဗျူဟာများ ရေးဆွဲခဲ့သည်။
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကိုသာမက ၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကိုပါ လွတ်လပ်ပြီး တရားမျှတအောင် ဆောင်ရွက်ပေးမည်ဟု ဦးတင်အေးက ကတိပေးခဲ့သော်လည်း ထိုလုပ်ဆောင်မှုအားလုံးသည် ဥပဒေဘောင်အတွင်းမှသာ ဖြစ်ရမည်ဟု သတိပေးထားခဲ့သည်။ အဆိုပါ ဥပဒေဘောင်ဆိုသည်မှာ ပြင်ဆင်ရန် ခက်ခဲနေဆဲဖြစ်သော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအ၀င် မျော့ကြိုးသဖွယ် ဖြစ်နေသည့် အခြားတည်ဆဲ ဥပဒေများဖြင့် ဆုံးဖြတ်လုပ်ဆောင်မည်ကို ဆိုလိုခြင်းဖြစ်သည်။
ဦးတင်အေး၏ ၂၀၁၄ ခုနှစ် နယ်လှည့်ခရီးများ၌ ပြောကြားချက်များက ရွေးကောက်ပွဲကော်မရှင်၏ ဦးတည်ချက်အား မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ကော်မရှင်ဥက္ကဋ္ဌ တစ်ဦးအဖြစ် ကြားနေ၀ါဒဖြင့် သမာသမတ်ကျစွာ ရပ်တည်ရမည့်အစား စစ်အာဏာသိမ်း ခေါင်းဆောင်ဟောင်းတစ်ဦး၏ သတိပေးသံများ ရောစွက်နေသည်။
ပုသိမ်ခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ
၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၏ အားနည်းချက်ကြောင့် ၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းခဲ့ရသည်ဟု ဧပြီ ၇ ရက် ပုသိမ်ခရီးစဉ်၌ ဦးတင်အေးက ပြောကြားခဲ့သည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်းမှုတွင် တပ်မတော်က ရိုးရိုးသားသား ပြုလုပ်ခဲ့ခြင်းသာဖြစ်သည်ဟု ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရခဲ့ခြင်းကို သမိုင်းအရ မငြင်းလိုဟု ဆိုသော်လည်း အာဏာလွှဲမပေးခြင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ မရှိသောကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အပြစ်တင်မှုများ ရှိခဲ့သည်ကို မငြင်းလိုပဲ ထိုရွေးကောက်ပွဲသည် အချိန်တိုအတွင်း လုပ်ဆောင်ရသဖြင့် အားနည်းချက်များ ရှိခဲ့သည်ဟု ဆိုပါသည်။ သို့သော် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ ဖြစ်သွားသည်ကိုပင် ကျေးဇူးတင်ရမည်ဟု ၎င်းကပြောကြားသည်။ ထိုအခြေအနေများနှင့် ဆက်စပ်ပြီး ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေနှင့် ၂၀၁၅ ရွေးကောက်ပွဲအကြို အခင်းအကျင်းများအပေါ် ပြင်ဆင်ထားမှုများအား ထုတ်ဖော်ပြောကြားခဲ့သည်။
“၂၀၁၂ လည်းပြီးရော အီးယူသံအမတ်တို့၊ အများကြီးပါပဲ လာပြီးတော့ Free and Fair Election ဆိုပြီးတော့ အမေရိကန်သံအမတ် ပါပါတယ်၊ ကာတာတို့အောဘရိုက်တို့ ဒါတွေအကုန်လုံး ပါပါတယ်။ Free and Fair Election လို့ ပြောပါတယ်။ ကျွန်တော်က သူတို့တော့ ဘာမှမပြောပါဘူး။ ကျွန်တော့်ပါတီတွေပဲ ပြောတယ်။ အေး .. ၂၀၁၂ ရွေးကောက်ပွဲကတော့ လာပြောကြတာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲလို့ ပြောတယ်။ ဥက္ကဋ္ဌအနေနဲ့ ပြောရမယ်ဆိုရင် လွတ်လပ်လွန်းပြီးတော့ မမျှတတဲ့ ရွေးကောက်ပွဲလို့၊ ကျွန်တော်ဒီလိုပဲ ပြောချလိုက်ပါတယ်” ဟု ဦးတင်အေးက ပုသိမ်ခရီးစဉ်တွင် ပြောကြားသည်။
“လွတ်လပ်လွန်းတာမှ တခါတည်း Election Campaign က Election Campaign နဲ့တောင် မတူဘူး။ ဆန္ဒပြနေသလား။ ၈၈ အရေးအခင်းများ ပြန်ရောက်နေသလား။ ဟာ.. နဖူးစည်းလည်း ပါတယ်။ အလံတွေကျတော့လည်း ကြယ်ငါးပွင့်အလံတွေ ပါတယ်။ Election Campaign တဲ့။ ဘယ်သူကမှလည်း ကန့်ကွက်မယ့်သူ မရှိဘူး။ ကန့်ကွက်ကြည့်ပါလား။ ကန့်ကွက်ကြည့်တာနဲ့ ကျွန်တော် အရှုံးပေးလိုက်မှာ။ ဥပဒေဖောက်ဖျက်ပြီးတော့ လုပ်တာပဲ။ ဒါက။ ဟုတ်လား။ အလံဥပဒေဆိုတာ ရှိပါတယ်။ ကျွန်တော် အရှုံးပေးပစ်ပလိုက်မယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ထို့ကြောင့် နောင်လာမည့် ရွေးကောက်ပွဲများ၌ ကန့်သတ်မှုများ ပြုလုပ်မည်ဟု ဦးတင်အေးက ဆိုသည်။
“လာမယ့်ဟာတော့ မရဘူး။ Election Campaign ကာလ သတ်မှတ်ပေးမယ်။ မလေးရှားမှာ ၁၅ ရက် သတ်မှတ်ပေးထားတယ်။ မနှစ်ကထက်စာရင် နှစ်ရက်တိုးပေးထားတယ်။ အရင် Election က ၁၃ ရက်ပဲရှိတယ်။ ကျွန်တော် နေရာသတ်မှတ်ပေးမယ်။ ပြောရမယ့်သူ သတ်မှတ်ပေးပါမယ်။ ဒီမှာ ကျွန်တော်ရွေးမယ်။ ကျွန်တော်ပြောပေါ့။ ကျွန်တော့်ရဲ့ လွတ်တော်ကိုယ်စားလှယ် ပြောပေါ့။ ပါတီက တစ်ယောက်ပြောပေါ့။ တော်ပြီ။ မဆိုင်တဲ့သူ လာမပြောနဲ့။ ၀င်ချင်ဝင်၊ မ၀င်ချင်နေ” ဟု ဦးတင်အေးက ဆိုသည်။
“ကျွန်တော် ကန့်သတ်ပါမယ်။ အချိန်ကန့်သတ်ပါမယ်။ နေရာကန့်သတ်ပါမယ်။ လူကန့်သတ်ပါမယ်။ Election Campaign ကန့်သတ်ပါမယ်။ ဒါကျွန်တော့်ရဲ့ လုပ်ပိုင်ခွင့်ထဲမှာ ရှိပါတယ်” ဟု ဦးတင်အေးက ဆက်လက်ပြောကြားသည်။
ကော်မရှင်ဥက္ကဋ္ဌ ဘာလဲ
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဦးဘဌေးသည် သမာသမတ်ရှိသူ တစ်ဦးဖြစ်ခဲ့ပြီး ပါတီဆက်နွှယ်မှု ကင်းရှင်းခဲ့သူဖြစ်သည်။
၂၀၁၀ ပြည့်နှစ်တွင် ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးသိန်းစိုးမှာ တပ်မတော်အစိုးရနှင့် ပတ်သက်ဆက်နွှယ်သူ ဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းရေးဆွဲရေး ကော်မရှင်အဖွဲ့ဝင်ဟောင်း ဖြစ်သည်။
ဦးသိန်းစိုး၏နေရာ၌ အစားထိုး ၀င်ရောက်နေရာယူခဲ့သူ ဦးတင်အေးမှာ တပ်မတော်အစိုးရလက်ထက်၌ ဒုတိယဗိုလ်ချုပ်ကြီးအဆင့် ထိပ်တန်းခေါင်းဆောင်ဖြစ်သည်။
ထို့ပြင် ဦးတင်အေးသည် စစ်အာဏာသိမ်း ခေါင်းဆောင်များထဲတွင် တစ်ဦးအပါအ၀င်ဖြစ်ခဲ့ကာ တပ်မတော်၏ အဓိကစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ခဲ့ကာ အခွင့်ထူးခံ၊ အခွင့်ရေးသမားများနှင့် လက်တွဲလုပ်ကိုင်ခဲ့သော မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၌ ဆယ်စုနှစ်ကြာ ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
တပ်မတော်တွင် တာဝန်ထမ်းဆောင်စဉ် ၎င်းရရှိခဲ့သော လစာနှင့် နှိုင်းယှဉ်ပါက ၎င်းနှင့်၎င်း၏ မိသားစုဝင်များ ကြွယ်ဝချမ်းသာမှုမှာ အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။
လက်ရှိအချိန်တွင် ဦးတင်အေးသည် မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင် သမိုင်းတစ်လျှောက် ချမ်းသာကြွယ်ဝမှု အများဆုံး ကော်မရှင်ဥက္ကဋ္ဌအဖြစ် ရပ်တည်လျက်ရှိနေသည်။
သမ္မတဦးသိန်းစိန်နှင့် ဦးတင်အေးတို့ နှစ်ဦးစလုံးသည် စစ်တက္ကသိုလ် အမှတ်စဉ် (၉) ကျောင်းဆင်းများဖြစ်ကြပြီး နေပြည်တော် အိမ်ခြောက်လုံးတန်း၌ နေထိုင်ခဲ့သူများ ဖြစ်သည်။ အဆိုပါ အိမ်ခြောက်လုံးတန်း၌ အိမ်နံပါတ် (၁) တွင် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနေထိုင်ပြီး အိမ်အမှတ် (၂) တွင် အငြိမ်းစား ဒုတိယဗိုလ်ချုပ်မှူးကြီး ဦးမောင်အေး နေထိုင်သည်။ ကျန်ရှိသော အိမ်လေးလုံးတွင် သမ္မတဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၊ ဒုတိယသမ္မတ ဟောင်းသီဟသူရတင်အောင်မြင့်ဦးနှင့် လက်ရှိပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းတို့ နေထိုင်ခဲ့သည်။
ဦးတင်အေးသည် လက်ရှိအချိန်အထိ သမ္မတဦးသိန်းစိန်နှင့် နီးကပ်သော ဆက်ဆံရေးရှိနေပြီး သမ္မတဦးသိန်းစိန်ကလည်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော ပြည်တွင်း၊ ပြည်ပ ခရီးစဉ်များသို့ ဦးတင်အေးအား ခေါ်ဆောင်သွားလေ့ ရှိသည်။
ကော်မရှင်ဥက္ကဋ္ဌ ဘာတွေလုပ်ခဲ့လဲ၊ ဘာတွေလုပ်နိုင်လဲ
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မမျှတမှုများ ရှိခဲ့သော်လည်း ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အပေါ် ဝေဖန်မှုများ လျော့ကျခဲ့သည်။
သို့သော် ၂၀၁၂ ခုနှစ်မှ လက်ရှိကာလအတွင်း ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေး၏ လုပ်ဆောင်ပုံများနှင့် ခြေလှမ်းများက ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအပေါ် သံသယဖြစ်မှုများ ရှိလာသည်။
စစ်တပ်က အာဏာမသိမ်းလို၍ လွှတ်တော်တွင် တပ်မတော် ပါဝင်နေခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားထားသည့် ဦးတင်အေးသည် ပြည်သူလူထုက လက်ရှိတောင်းဆိုနေသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကို လိုလားသူ မဟုတ်ချေ။ ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူစဉ်ကာလ၌ သမ္မတ ဦးသိန်းစိန်၏ သတိပေးမှုကြောင့် နိုင်ငံရေးပါတီများကို ခေါ်ယူသတိပေးခြင်းများ ရှိခဲ့သည်။ သိသာထင်ရှားသော သာဓကအနေဖြင့် လျှပ်စစ်မီးရရှိရေးနှင့် လုပ်အားခ တိုးမြှင့်ရရှိရေးတို့အတွက် ဆန္ဒဖော်ထုတ်သော လူထုလှုပ်ရှားမှုများတွင် နိုင်ငံရေးပါတီများ ပါဝင်ပတ်သက်ခြင်း မပြုရန် ပြီးခဲ့သည့် မတ်လအတွင်းက နိုင်ငံရေးပါတီများကို ခေါ်ယူသတိပေးခဲ့သည်။
၂၀၁၄ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မတိုင်မီတွင် လွှတ်တော်ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့် စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့်တို့နှင့် ပတ်သက်ပြီး ညွှန်ကြားချက် ထုတ်ပြန်ရန် ပြင်ဆင်ခဲ့သည်။
ထိုညွှန်ကြားချက်မူကြမ်း မထုတ်ပြန်မီ လပိုင်းအလိုတွင် တပ်မတော်အရာရှိ ၆၀ ကျော်ကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ တာဝန်များထမ်းဆောင်ရန် ကြိုတင်ရွှေ့ပြောင်းထားခဲ့သည်။
ညွှန်ကြားချက် မူကြမ်းအရ ရွေးကောက်ပွဲကော်မရှင်ခွဲ ဥက္ကဋ္ဌများ၏ လုပ်ပိုင်ခွင့်မှာ သက်ရောက်မှု အားကောင်းလာမည်ဖြစ်သည်။ ကော်မရှင်ခွဲဥက္ကဋ္ဌများ အနေဖြင့် စည်းကမ်းဖောက်ဖျက်သည်ဟု ယူဆရသော နိုင်ငံရေးပါတီများကို သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး တည်ဆဲဥပဒေဖြင့် အရေးယူရန် တိုက်တွန်းမှုများလည်း ရှိနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လုပ်ဆောင်နေမှုများသည် နိုင်ငံရေးပါတီများအား ချုပ်ကိုင်လိုသည့်ဘက် ဦးတည်နေသည့်နည်းတူ လက်ရှိပြဋ္ဌာန်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ပိုင်ခွင့်ကို ပိုမိုပေးအပ်ထားသည်။
ထိုအချက်မှာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၀၂ တွင် ပါဝင်နေပြီး ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများ၊ ရွေးကောက်ပွဲ ခုံအဖွဲ့၏ ဆုံးဖြတ်ချက်များ၊ အမိန့်များနှင့် စပ်လျဉ်းသည့် အယူခံမှုများနှင့် ပြင်ဆင်မှုများ၊ နိုင်ငံရေးပါတီဆိုင်ရာ ဥပဒေအရ ဆောင်ရွက်ရသော ကိစ္စရပ်များမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ချက်များသာ အပြီးအပြတ် အတည်ဖြစ်စေရမည်ဟု ပြဋ္ဌာန်းထားသည်။
ထိုအချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများကို ရွေးကောက်ပွဲမပြုလုပ်မီ၊ ပြုလုပ်ချိန်များသာမက ရွေးကောက်ပွဲ ပြုလုပ်ပြီးချိန်များ၌ပါ သြဇာသက်ရောက်မှု၊ ဥပဒေအရ အရေးယူမှုနှင့် ချုပ်ကိုင်မှုများ ပြုလုပ်နိုင်မည် ဖြစ်သည်။
ညွှန်ကြားချက်မူကြမ်းမှာ ဘာတွေပါလဲ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ စမ်းသပ်သည့်အနေဖြင့် ပြုလုပ်မည့် ၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရမည့် စုဝေးဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် ညွှန်ကြားချက်မူကြမ်းမှာ စာမျက်နှာ ၁၈ မျက်နှာရှိပြီး အချက် ၂၀ ပါဝင်ခဲ့သည်။
မူကြမ်းတွင် ဖော်ပြထားချက်အရ မဲဆွယ်စည်းရုံးခွင့် အနေဖြင့် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၃၀ အတွင်း စတင်ခွင့်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသည့် နေရာ၊ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၏ ခွင့်ပြုချက်ဖြင့် သတ်မှတ်ထားသော နေရာများသို့ ယာဉ်များနှင့် လှည့်လည်စုဝေး ဟောပြောခွင့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် မီဒီယာများမှတစ်ဆင့် ဟောပြောစည်းရုံး ဟောပြောခွင့်၊ သက်ဆိုင်ရာက ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရေးသားပုံနှိပ် ထုတ်ဝေစည်းရုံးခွင့်တို့ကို ပြုလုပ်ရမည်ဖြစ်သည်။
စုဝေးဟောပြောခွင့်ကို ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာပြီးသည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လျှောက်ထားရမည်ဖြစ်သည်။
ပါတီဌာနချုပ်နှင့် ပါတီရုံးခွဲများတွင် စုဝေးဟောပြောခြင်းဖြစ်ပါက ခွင့်ပြုမိန့် လျှောက်ထားရန် မလိုသော်လည်း သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ နှစ်ရက်ကြိုတင် အသိပေးတင်ပြရမည်ဟု ဆိုသည်။
စုဝေးဟောပြောခွင့်ရှိသူမှာ သက်ဆိုင်ရာ လွှတ်တော်မဲဆန္ဒနယ်အလိုက် ၀င်ရောက်ယှဉ်ပြိုင်ရန် စိစစ်အတည်ပြုပြီးဖြစ်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်း သို့မဟုတ် ယင်း၏ရွေးကောက်ပွဲကိုယ်စားလှယ် သို့မဟုတ် ယင်း၏လွှတ်တော်ကိုယ်စားလှယ်လောင်းက စာဖြင့်အခွင့်အာဏာ လွှဲအပ်ခြင်း ခံရသူတို့က စုဝေးဟောပြောခွင့် ရှိမည်ဖြစ်ပြီး စာဖြင့်လွှဲအပ်ထားသူများ ပါရှိပါက ထိုသို့လွှဲအပ်သည့်စာကို သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲသို့ လျှောက်လွှာနှင့်အတူ တစ်ပါတည်း ပေးအပ်စေရမည်ဟု ဖော်ပြသည်။
သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲ အသီးသီးသည် လျှောက်ထားချက်များကို လိုအပ်သလိုစိစစ်ပြီး ခွင့်ပြုမိန့်ထုတ်ပေးခြင်း သို့မဟုတ် ငြင်းပယ်ခြင်း သို့မဟုတ် ပြင်ဆင်/ဖြည့်စွက် လျှောက်ထားစေခြင်းတို့ကို ပြုလုပ်ပိုင်ခွင့်ရှိပြီး အခြားသတ်မှတ်ချက်များကို လုပ်ဆောင်ခွင့်ရှိမည် ဖြစ်သည်။
ထို့ပြင် ကော်မရှင်အဖွဲ့ခွဲ အသီးသီးသည် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်းသာယာရေးကို ထောက်ရှု၍ လိုအပ်ပါက ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ပြင်ဆင်ခြင်း၊ ခွင့်ပြုမိန့်ပါ သတ်မှတ်ချက်များနှင့် စည်းကမ်းချက်များကို ပြင်ဆင်ခြင်း သို့မဟုတ် ခွင့်ပြုမိန့်ကို ရုပ်သိမ်းနိုင်ခြင်းကို ပြုလုပ်နိုင်သည်။
နိုင်ငံရေးပါတီများသည် ပုဂ္ဂလိက မီဒီယာများမှတစ်ဆင့် မဲဆွယ်စည်းရုံးမှု ပြုလုပ်မည်ဆိုပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ခွင့်ပြုချက်ကို ရယူရမည်ဖြစ်ပြီး ပုဂ္ဂလိကပိုင် မီဒီယာများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေများအပြင် ပြန်ကြားရေးဝန်ကြီးဌာနက အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဟူသော ကန့်သတ်ချက်များလည်း ညွှန်ကြားချက်မူကြမ်း၌ ပါရှိခဲ့သည်။
ညွှန်ကြားချက်မူကြမ်းကို ဘယ်လိုတုံ့ပြန်ကြသလဲ
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ ထုတ်ပြန်ခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်မူကြမ်းသည် ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီမှုမရှိကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှလွဲ၍ ကျန်နိုင်ငံရေးပါတီ အများစုက ဝေဖန်ခဲ့ကြသည်။
“သူတို့ ညွှန်ကြားချက်တွေကတော့ သူတို့ကြိုက်တဲ့ ပုံစံမျိုးတွေ လုပ်ထားတာကို။ ကျွန်တော်တို့အတွက်တော့ အဆင်မပြေပါဘူး” ဟု ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးဇိုဇမ်က ပြောကြားသည်။
ရွေးကောက်ပွဲကော်မရှင်၏ ညွှန်ကြားချက်သည် ဥပဒေအရ ထုတ်ခွင့်မရှိကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ဆိုပါသည်။
“ထုတ်ကို ထုတ်ခဲ့မယ်ဆိုရင်တော့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့လည်း ဆန့်ကျင်မှာပဲ။ ဥပဒေပြုရေး မဏ္ဍိုင်ကိုလည်း ထိခိုက်မှာပဲ” ဟု ဦးဉာဏ်ဝင်းက ပြောကြားသည်။
“မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်တွေ ပါလာပြီ။ ဒါ့အပြင် နိုင်ငံရေးပါတီတွေရဲ့ လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်ကိုလည်း ကန့်သတ်ချုပ်ချယ်တဲ့သဘော ဖြစ်နေတယ်” ဟု ရခိုင်အမျိုးသားပါတီ၏ ပထမခေါင်းဆောင် ဦးအေးသာအောင်က ပြောကြားသည်။
မဲဆွယ်စည်းရုံးရေးကာလကို ရက် ၃၀ သတ်မှတ်ပေးခြင်းသည် လုံလောက်မှုမရှိဘဲ ရက်ပေါင်း ၆၀ သို့မဟုတ် သုံးလအထိ ခွင့်ပြုသင့်ကြောင်း နိုင်ငံရေးပါတီခေါင်းဆောင်များက ပြောကြားသည်။
“မဲဆွယ်ကာလ နည်းတယ်။ တစ်မြို့နယ်တည်းမှာ ရပ်ကွက်လေး ၁၅ ခု၊ အခု ၂၀ လောက်ဆိုရင်တော့ ဟုတ်တာပေါ့လေ။ ဒါပေမဲ့ အမျိုးသားလွှတ်တော်လို ဟာမျိုးကျတော့ ရပ်ကွက်ပေါင်းများစွာ၊ မြို့နယ်ပေါင်းများစွာကို လှည့်လည်တရားဟောရမယ့်အပိုင်း ရှိတယ်လေ။ ဒါက လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် ဘယ်လိုမှ မလောက်နိုင်ဘူး” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။
“မီဒီယာနဲ့ ပတ်သက်လို့ကတော့ ဖျက်ကိုဖျက်ပစ်ရမယ်။ ဒါက ၉၀ ရွေးကောက်ပွဲတို့၊ ၂၀၁၀ ရွေး ကောက်ပွဲတို့ကို အခြေခံထားတဲ့ လုပ်နည်းလုပ်နည်း။ အဲဒီအချိန်တုန်းက မီဒီယာရဲ့ ပွင့်လင်းမှုက လုံးဝမရှိသလောက်ပဲလေ။ အခု ၂၀၁၄ မှာ မီဒီယာရဲ့ ပွင့်လင်းမှုက ကြီးလာတယ်။ ပုဂ္ဂလိကလိုင်းတွေနဲ့ ပြည်သူလူထုကို စည်းရုံးပြောဆိုတဲ့ အခါတိုင်း ရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်ကြီး တင်နေရမယ်ဆိုရင် အလုပ်ဖြစ်မှာ မဟုတ်ဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။
ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ လက်ရှိခြေလှမ်းများကြောင့် ၂၀၁၅ ရွေးကောက်ပွဲအပေါ် သံယဖြစ်မှုများ ရှိလာသည်။
“၂၀၁၅ အတွက် သံသယတွေ ရှိလာတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ထင်ရှားတဲ့ ပါတီတစ်ခုက မဲဆန္ဒနယ် အားလုံးနီးပါး အပြတ်အသတ် အနိုင်ရသွားလို့ အခုလို ကန့်သတ်ချက်တွေ လုပ်တယ်လို့ အသံတွေ ကြားနေရပါတယ်” ဟု ဦးအေးသာအောင်က ဆိုသည်။
“အခုက ဥပဒေနဲ့လုပ်ရမယ် ဘာညာပြောနေတာ။ ဥပဒေနဲ့ မလုပ်တာ ကော်မရှင်တွေပဲ။ ဒါပေမဲ့ လူအများ နားမလည်တာက မြို့နယ်ကော်မရှင်တွေ မလုပ်ဘဲနဲ့ သူတို့ အနိုင်ပေးချင်တဲ့ ပါတီကို အနိုင်ပေးတာ။ အဲဒါမျိုးကတော့ ကော်မရှင်ဥက္ကဋ္ဌကို တရားစွဲလို့ ရမလား။ ဘယ်ဥပဒေနဲ့ တရားစွဲမလဲ။ ပြစ်ဒဏ်က ဘယ်လောက်လဲ။ သေဒဏ်ပေးမလား။ ထောင်ဒဏ်ပေးမလား။ အဲဒီညွှန်ကြားချက်တွေက လုံးဝပါမလာဘူး” ဟု ဦးဇိုဇမ်က ဆိုသည်။
ဥပဒေဘောင်အတွင်းမှ ဆိုသည့်တိုင် လိုရာဆွဲသုံးပြီး မျှော့ကြိုးသဖွယ် ပြုလုပ်နိုင်သော ဥပဒေများကြောင့် ၂၀၁၅ မတိုင်မီ အကြိုစည်းရုံးမှု ကာလမှာပင် ရှုပ်ထွေးမှုများ ရှိလာနိုင်သည်ဆိုသော သုံးသပ်မှုများလည်း ရှိနေပါသည်။
“ဒီလောက်နိမ့်ကျတဲ့ နိုင်ငံ၊ ဒီလောက် အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေရဲ့မျက်နှာကို ထောက်ထားသင့်တယ်။ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေဘောင်တွေကနေ ညစ်ပတ်မယ်ဆိုတာ မသင့်တော်ပါဘူး။ ၂၀၁၅ ရွေးကောက်ပွဲမှာ ညစ်ပတ်နည်းမျိုးစုံနဲ့ ကြိုးစားလာမယ်ဆိုရင် ဒါက Crossing the Line ပါပဲ။ တိုင်းပြည် အတိဒုက္ခ ရောက်သွားနိုင်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ ၁၉၉၀ ရွေးကောက်ပွဲလို အာဏာမလွှဲလို့ မရဘူး။ ၂၀၁၀ ရွေးကောက်ပွဲလို ညစ်ပတ်လို့ မရဘူး။ အခြေအနေ မတူဘူး။ တိုင်းပြည်မျက်နှာ၊ လူထုမျက်နှာကိုကြည့်ပြီး ညှိနှိုင်းတိုင်ပင် ဆွေးနွေးကြပါ။ လူထုကလိုလားတဲ့ အစိုးရတစ်ရပ်ကို လွတ်လွတ်လပ်လပ် ရွေးကောက်တင်မြှောက်နိုင်ဖို့ အားလုံးဝိုင်းလုပ်ကြရပါမယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။
ပြီးခဲ့သည့်နှစ်အတွင်းက ပြုလုပ်ခဲ့သော နိုင်ငံတကာ ရွေးကောက်ပွဲများအနက် ကမ္ဘောဒီးယားနိုင်ငံနှင့် ဇင်ဘာဘွေနိုင်ငံတို့၏ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ မသမှုများစွာ ဖြစ်ပေါ်ခဲ့ပါသည်။
ဇင်ဘာဘွေနိုင်ငံ၌ ပြုလုပ်ခဲ့သော ရွေးကောက်ပွဲ၌ အစိုးရပိုင် မီဒီယာများ၏ ဘက်လိုက်ဖော်ပြမှု၊ ကျေးလက်ဒေသများတွင် ခြိမ်းခြောက်မှု၊ ရွေးကောက်ပွဲ လျင်မြန်စွာ လုပ်ဆောင်မှု၊ မဲပေးနိုင်သူစာရင်းကို ရွေးကောက်ပွဲမတိုင်မီ တစ်ရက်အလိုတွင် ထုတ်ပြန်ပေးမှု၊ မဲပေးနိုင်သူ စာရင်းတွင် သေဆုံးပြီးသူများ အပါအ၀င် မသက်ဆိုင်သူများ၏ အမည်များ ပါဝင်နေမှု၊ အတိုက်အခံ အင်အားများသော နေရာများတွင် နေထိုင်သူများ စာရင်း၌ ပါဝင်ခြင်းမရှိမှု အစရှိသည်တို့ ဖြစ်ပေါ်ခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံတွင်မူ ဇင်ဘာဘွေနိုင်ငံတွင် ဖြစ်ပွားခဲ့သော အချက်များအပြင် မတူညီသော မဲရုံများတွင် အမည်နှစ်ကြိမ် ပါဝင်နေခြင်း၊ မဲပေးရာတွင် မည်သူမည်ဝါ ဖော်ပြရန်မလိုခြင်း၊ တရားမ၀င် နေထိုင်သူများ မဲပေးခွင့် ရရှိခဲ့ခြင်း၊ ယာယီနေထိုင်ခွင့်များ ထုတ်ပေးရာတွင် ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ယာယီနေထိုင်ခွင့်လက်မှတ် ကိုင်ဆောင်သူများ မဲပေးခွင့်ရှိခဲ့ခြင်း၊ မဲဆန္ဒရှင်မှ သွားရောက်မဲပေးရာတွင် ၎င်းအမည်ဖြင့် မဲပေးပြီး ဖြစ်နေသည်ကို တွေ့ရှိရခြင်း အစရှိသည်တို့ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်ဥက္ကဋ္ဌကို ပြောင်းလဲသင့်ပြီလား
၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီ အချိန်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များနှင့် ကော်မရှင်ဥက္ကဋ္ဌတို့၏ ရပ်တည်ချက်အပေါ် မေးခွန်းထုတ်စရာများ ရှိနေသဖြင့် ထိုသူများကို အခြားသမာသမတ်ကျသော ပုဂ္ဂိုလ်များဖြင့် အစားထိုးပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အသစ် ပြန်လည်ဖွဲ့စည်းရန် တိုက်တွန်းမှုများလည်း ရှိနေပါသည်။
“စိုးရိမ်တာက ရွေးကောက်ပွဲကော်မရှင်ပဲ။ ၂၀၁၅ ရွေးကောက်ပွဲကို ကျင်းပမယ့် ကော်မရှင်ထဲက ပုဂ္ဂိုလ်တွေကလည်း မည်သည့်ပါတီနဲ့မျှ မသက်ဆိုင်တဲ့ ပုဂ္ဂိုလ်တွေ ပါသင့်တယ်” ဟု ဦးအေးသာအောင်က ပြောကြားသည်။
“ရွေးကောက်ပွဲကော်မရှင်ဆိုတာ ကျွန်တော်တို့အားလုံးအတွက် ဒိုင်လူကြီးပဲ။ ဒိုင်လူကြီးဆိုတာကတော့ ဘက်လိုက်လို့ မဖြစ်ဘူး။ အထူးသဖြင့် ကျွန်တော်တို့ တိုင်းရင်းသားတွေဘက်က နစ်နာဖို့ဟာတွေ အများကြီး တွေ့ထားတာကိုး။ အဲဒါကြောင့် သမ္မတကြီးကို ကျွန်တော်ကိုယ်တိုင် တင်ပြတဲ့ကိစ္စက ရွေးကောက်ပွဲ ဗဟိုကော်မရှင်ကအစ မြို့နယ်အထိ ပြန်ပြီးပြုပြင်ပေးပါလို့ ပြောထားတာ။ ကျွန်တော်ကတော့ ရှင်းရှင်းလေးပဲ။ (ဒီကော်မရှင်နဲ့ ဆက်သွားမယ်ဆိုရင်) တရားမျှတမှု ရှိလိမ့်မယ်လို့ မယုံဘူး။ အခုထက်ထိ ကျွန်တော် အယုံအကြည် မရှိသေးဘူး” ဟု ဦးဇိုဇမ်က ဆိုသည်။
“ကော်မရှင်ဆိုတာကတော့ တရားမျှတရမှာပေါ့။ သီလ၊ သမာဓိ၊ သိက္ခာနဲ့ ပြည့်စုံတဲ့ ပုဂ္ဂိုလ်တွေကို များသောအားဖြင့် ခန့်ပါတယ်။ အဲဒီသူက ဘက်လိုက်မှုကင်း၊ တရားမျှတမှုရှိ၊ အမှီအခို ကင်းရပါမယ်။ ကျွန်တော်ဆိုလိုတာက သူက လွတ်လွတ်လပ်လပ်နဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုရင် ကိုယ်တိုင်ကိုက ပါတီစွဲ မရှိရပါဘူး။ ပုဂ္ဂိုလ်စွဲ မရှိရပါဘူး။ တစ်ဖက်မှာ ကမ်းပြိုမယ်။ တစ်ဖက်မှာ သောင်ထွန်းမယ်ဆိုတဲ့ အတွေးအခေါ်မျိုး ရှိနေမယ်ဆိုရင်တော့ အဲဒီလိုလူမျိုးက ဘယ်လိုနည်းနဲ့မှ ကော်မရှင်ဥက္ကဋ္ဌရာထူးနဲ့ မသင့်တော်ဘူးလို့ ဆုံးဖြတ်တယ်” ဟု လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ဆောင်ရွက်သူများအဖွဲ့မှ အမှုဆောင်ဒါရိုက်တာ ဦးမြင့်အေးက ပြောပါသည်။
“လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းထားတာက ပြည်ခိုင်ဖြိုးပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဥက္ကဋ္ဌ၊ ပြီးတော့ ပါဝင်တဲ့ အဖွဲ့ဝင်တွေကလည်း အရင်တုန်းက ၀န်ထမ်းဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ ပြည်နယ်နဲ့ တိုင်းတွေမှာလည်း အဲဒီလိုမျိုး စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတယ်။ ဒါက ဖွဲ့စည်းမှုပေါ့။ ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းမှုကိုက တရားမျှတမှုမရှိဘူး ဖြစ်နေတယ်” ဟု လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲစောင့်ကြည့်ရေး ကွန်ရက်မှ အထွေထွေအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ပြောကြားသည်။
“သမ္မတအနေနဲ့ ခေါင်းဆောင်တစ်ယောက်ရဲ့ ကျင့်ဝတ်အရ ပြောမယ်ဆိုရင် ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်တဲ့ သူတစ်ယောက်ကို ကော်မရှင်ဥက္ကဋ္ဌ ခန့်ထားတာ၊ ကိုယ်တိုင်ကလည်း ရွေးကောက်ပွဲကိုဝင်ဖို့ ပြင်ဆင်ထားတယ်ဆိုရင် ဘယ်လိုမှ မသင့်တော်ပါဘူး။ သမာသမတ်ကျတဲ့ ရွေးကောက်ပွဲကော်မရှင် တစ်ခုတော့ ပြန်လည်ဖွဲ့စည်း သင့်ပါတယ်” ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
နေထွန်းနိုင်
Thursday, 22 May 2014
Zomite in UN Thukuppih theih Pawlmi hihna Ngah ta
USA, New York Khuapi a om UN zumpi ah kinei UN-ECOSOC Civil Society Resumed Session ah UN te' sapna tawh Pu Dr. Do Khan Khup (General Secretary of ZIUSA) leh Pu Gregory KapSuan Lian Ngaihte (Assistant General Secretaryof ZIUSA) te va kahthei uh a, lametna bangin Zomite UN-ECOSOC ah Thudotpi pawlmi (Consultative Status) dinmun ngetnate kingah thei cih kiza ahih manin, Zomite' maban limci mahmah ta hi. Hih bang a hanciamna hong nei ZIUSA makaite tungah Zomibup tangin TONGSAN Media pan lungdamna lianpi i pulak hi.
Hih bangin UN-ECOSOC sungah Consultative Status ngah theihna dingin abeisa kum 2 lai akipan ZIUSA min tawh akingen hi-in, tutung ngaw ngaw in sapna kingah bek tham loin, tun UN ah pawlmi le thukuppih thei ding dinmun kingah ta cih thu ZIUSA makaite tungtawn in kizasawn hi. Nidang in Zomite pen UN ah member lut theihna cih genloh Meeting zong akihel zo ngeilote i hi hi. Tua bek tham loin minam kician khat zong kisuak zo hetlo kawm kalah tu in Pasian in Zomite minam kician khatin hong bawlin, UN member nangawn hong ngahsak ahih manin, Zomite hong bawl, hong makaih Topa min i phat hi.
Source: ZIUSA Facebook
Posted: Tongsan tanute
လွှတ်တော် ဖွဲ့စည်းပုံ ပြင်ရေး ကော်မတီက ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူညီဟု ဆို
သန်လျင်မြို့နယ်မှ ဖွဲ့စည်းပုံ ပြင်ရေး ဆန္ဒပြပွဲ (ဓာတ်ပုံ – ဟိန်းထက် / ဧရာဝတီ)
ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းထားသော ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် သဘောတူညီလိုက်ပြီး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြကာ အဆုံးအဖြတ်ခံယူတော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၊ NLD နှင့် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တချို့ ပါဝင်သော အဖွဲ့ဝင် ၃၁ ဦးပါ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီက မေလ ၁၉ ရက်နေ့မှ စတင်၍ အခြေခံဥပဒေ ပြင်ဆင်ရေး အစည်းအဝေးများ စတင်ပြုလုပ်ခဲ့ပြီး လွှတ်တော်စတင်မည့် မေလ ၂၈ ရက်နေ့အထိ အစည်းအဝေးများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရသည်။
မေလ ၁၉ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီ၏ အစည်းအဝေးတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြင်ဆင်ရန် ခက်ခဲနေသော ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော်ကို ဒီမိုကရေစီဘောင်အတွင်း ထည့်သွင်းနိုင်ရေးတို့ကို အကြိတ်အနယ် ဆွေးနွေးခဲ့ပြီး သဘောတူညီချက်များ ရရှိခဲ့ကြောင်း၊ လွှတ်တော်ကော်မတီက ရရှိလာသော သဘောတူညီချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ အဆုံးအဖြတ်ခံယူသွားမည်ဖြစ်ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှုကော်မတီဝင် ရွှေပြည်သာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးဟောင်း ဦးတင်မောင်ဦးက ဧရာဝတီသို့ ပြောသည်။
“ပုဒ်မ ၄၃၆ ကို ပြင်မှာပါ ။ ကြံ့ခိုင်ရေးက ဦးဆောင်ပြင်မယ်။ အခန်း ၁၂ မှာ ရှိတဲ့ ပုဒ်မ ၄၃၃ ၊ ၄၃၄ ၊ ၄၃၅ ၊ ၄၃၆ စတဲ့ ပုဒ်မတွေ ရှိပါတယ်။ ပြင်ဖို့ လုပ်မှာပါ။ တခု သတိထားဖို့က ကျနော်က ပြင်ဆင်ရေးကော်မတီ မဟုတ်ပါဘူး။ အကြံပြုနိုင်တဲ့ အဆင့်ပဲ ရှိတာပါ။ မနေ့က အခန်း ၁ ရဲ့ ပုဒ်မ ၉ အထိ ပြီးပါတယ်။ ဒီနေ့ အခန်း ၁ ပုဒ်မ ၁၀ ကနေပြီးတော့ ၁၀ က ၊ ခ ၊ ဂ အထိ ပြီးပါတယ်။ တော်တော်လေး ပြင်ပေးမှာပါ။ ခေတ်စနစ်နဲ့ အညီပေါ့နော်။ နိုင်ငံတော်အတွက်လည်း စဉ်းစားရသေးတယ်” ဟု ဦးတင်မောင်ဦးက ဆိုသည်။
ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆောင်ရွက်ရာတွင် အခြေခံဥပဒေ အခန်း ၁၂ ကို စတင်ဆွေးနွေးဆောင်ရွက်ရန် အခြေခံမူ ပေးပို့ခဲ့ပြီး လွှတ်တော်ကော်မတီတွင် အကြိတ်အနယ် ဆွေးနွေးကာ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ရန် သဘောတူညီလိုက်ခြင်းဖြစ်သည်ဟု ဦးတင်မောင်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီဝင်လည်းဖြစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်သူ ဦးအောင်ကြည်ညွှန့်က “ကော်မတီကတော့ ပုဒ်မ ၄၃၆ ကို ပြင်ပေးဖို့ သင့်တယ်ဆိုတဲ့ အနေအထားမျိုး ဆုံးဖြတ်ပေးလိုက်တယ်။ ဆက်ပြီးတော့ ဆွေးနွေးစရာတွေလည်း ရှိပါသေးတယ်။ ကော်မတီမှာ လွတ်လွတ်လပ်လပ် ဆွေးနွေးလို့ ရပါတယ်။ တခုတော့ ရှိတာပေါ့။ အမြင်သဘောထားချင်း မတိုက်ဆိုင်တဲ့အခါ အပြန်အလှန် ပြောဆိုကြတာမျိုးတော့ ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ထို့ပြင် လွှတ်တော်ကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပါဝင်သည့် အခြေခံမူများဖြစ်သော စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ ဆိုသောစကားလုံးအစား ပါတီစုံဒီမိုကရေစီဟု ပြင်ဆင်ရန်၊ ဖက်ဒရယ်ပြည်ထောင်စု ဆိုသော စကားရပ်များကိုလည်း ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။
လွှတ်တော်ကော်မတီက ပြင်ဆင်ရန် သဘောတူညီထားသော အချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြမည်ဖြစ်ရာ ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ရန် သဘောတူညီမှသာ လွှတ်တော်ကော်မတီ၏ ပြင်ဆင်ချက်များ အတည်ဖြစ်လာမည်ဖြစ်ကြောင်း သိရှိရသည်။
“အပြင်မှာ ပြောနေကြသလို ကြံ့ခိုင်ရေးပါတီက မလုပ်ဘူးဆိုတဲ့အမြင် ပျောက်စေချင်တယ်။ ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကော်မတီမှာ ၁၄ ယောက် ပါတဲ့အတွက် ဒီမိုကရေစီနည်းလမ်းအရ လက်ထောင် ဆုံးဖြတ်ရင် ဦးတို့က များတယ်။ ဦးတို့ကိုယ်တိုင် ဦးစီးပြီးတော့ ၄၃၆ လို ပုဒ်မမျိုးကို ပြင်ဆင်ပေးခြင်းဖြစ်ပါတယ် ” ဟု ဦးတင်မောင်ဦးက ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့များ ပူးပေါင်း၍ ဖွဲ့စည်းပုံအခြေခံဥပဒေ ၄၃၆ ပြင်ဆင်ရေးဆိုင်ရာ လူထုဟောပြောပွဲများ ကျင်းပလျက်ရှိသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း ၁၂ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ခြင်း ပုဒ်မ ၄၃၆ တွင် ဖွဲ့စည်းပုံအခြေခံဥပဒေပါ တပ်မတော်ကို အထူးအခွင့်အရေးပေးထားသော ပြဋ္ဌာန်းချက်များ၊ ယခင်အစိုးရ၏ လုပ်ဆောင်ချက်များကို အကာအကွယ်ပေးထားသော ပြဋ္ဌာန်းချက်များ အပါအ၀င် ယခင်စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော ပြဋ္ဌာန်းချက်များကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူညီပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးခွင့်ရှိသူအားလုံး၏ ထက်ဝက်ကျော် ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်ဟု ပြဋ္ဌာန်းထားသည်။
Monday, 19 May 2014
ZOMI LEH MYANMAR BY ELECTION 2014
Ih theihsak mahbang in Kawl Kumpi in
2014 kum beima in By Election khat bawlsawm leuleu a, Tedim South Constituency
pan Pyidaungsuh Hluttaw, Amyotha (Hlumyosuh/Upper House) Hluttaw ah MP
panmunlen ding kiteelna kibawl sawm hi. Hih MP panmun pen tu Term (Kum 5 Term)
a beikum 2015 kum ciang ding ahi hi. Kum khat omlai cih theih hi.
Hih 2014 By Election Tedim South
Constituency ah MP muntuh ding in Party tuamtuam pan midang ahi hethet lo Zomi
teng mah kituh lunglung ding a a nuai a Party teng leh MP teng kiseh/kithtawi cihthu ahihi.
ZCD- Pu Chin Sian Thang
USDP-Pa Hang Khan Khai ( Ekhai)
NLD- Pa Thang Do Lian (Hollywood)
CNDP- Pa Neng Do Thang( Phunom)
NUP- Prof: Sawm Pau
Tutung a Tedim South lam a kiteel
ding MP panmun leh, Pyidaungsuh Hluttaw (Upper House) ah ma apang ding hi a,
Mipi deihna bangin Thukhun a bawl ding, Thukhun a puah ding panmun ahi hi.
Adiak in 2015 kum Kiteelpi ma-in Thukhunpi kilaih zawhna ding ci-a, Daw ASSK
mahmah in ahanciam laitak hun leh, tua hanciamna pem Hluttaw (Parliament) sung
mahmah pan a mapang ahih manin, hih bang dinmun ah Zomi-te tang'in Daw ASSK
tawh liangko kikim a ma apang zo ding, Thukhun a kum thei ding, Thu a sung thei
ding MP kician khat a kisam mahmah ihhi hi. Kum khat valdeuh sungbek a omlai
hangin, Kawl gam ki-ukna tawh kisai leh mailam Kawl gam kilam zia ding tawh
kisai Thukhunpi leh Thu leh La a kigeel ding laitak, Critical Moment a hih
manin, hih hun leh dinmun pen Zomi-te in ih zatsiam mahmah ding kisam mahmah
kici thei hi.
Hih atung a party teng I etsuksuk
ciang NLD party leh ZCD peen Alliance khat ahihban ah NLD leh UNA kithukimna
tawh kituak in ZCD party demna ding mun ah demloding uh ahihman in MP mun atuh
sawm Pa Thang Do Lian ( Hollywood ) peen amaphuahtawm NLD ahihkei buang leh
kiteelna ah aluutloding uh ahihi. ZCD leh NLD makaaipi Daw Aung San Suu Kyi
zong kiho khinta uhhi.
USDP icih leuleu peen adiak in Tedim
leh Tonzang in MP mun ipiakzawh kum 3 vaal hita a, Thankikpi khatzong ongtut
naailo party ahihman mipi in ngaihsut mahmah akuul ahihi. Tua ban ah Gaalkaap
in anungpan thautawh a ukkawikawi azuihkawikawi hi a hih party milimlim peen
akam uh khum in thau atawi kawm ama puanuaithau tawh thau 2 ta atawi ahihman un
milauhuai vive ahi uhhi. Tua ban ah Democracy mantaktak kawlgam in ngahleh
gilbeem kipuakding vive hilel ahihman kuakua ading zong in USDP party peen mee
piaktaak teeltaak hikilkel lo hi.
NUP party leuleu ahihleh akisamlo
party vaalkhat ahihi. Ahang in Democracy gaaldona leh kalsuanna ah Mualtung mi
party makaai muanhuai mahmah te kitak a aphuh uh UNA omkhinzo ahihi. Tua ban ah
kawlte in Mualtung mi te party atha haatluat ding gentehna in 1990 kum a Shan
te khawng ongbatding alau manvua ongbawlna Party namkhat hiding inzong upmawh
huai mahmah hi.
CNDP party leuleu peen itheihding in
Chin tawh kipan party peuhpeuh peen khut tung lumleh abang logo nangawn
kiciantak a aneizolo party ahi uhhi. 1990 kum in CNLD cihkhat nei uh a
mangthang hi. 2010 ciang CNP ongding uha, Cim Nuih Party kicih sak ahihman CNDP
tawh laihkik uhhi.Tua ban ah igaal ahihpah loh hang Zomi te khantoh nading
ongkhaktan , ongdem, nenniam ding ahanciam Pawi te tamna party ahihban ah Zomi
te luangtampi onggolum a luangman tuniciang dong ongpia kilkel lo CNA te khutzat
party hi a CNA party cileeng zong akikhiallo ding ahihman Zomi te ading in
ngalkhua hang zah a alauhuai mahmah ahihi.
Hih atung a party tuamtuam tengpan
MP dingte I et ciang Zomi vive hinapin ZCD losiah Zomi cih akihelna khatzong
imukeiding hi. Tua ahihman hih Zomi MP tuhsawmte in MP asuahma nangawn un Zomi te ongkin kilkello cih
kimukhin hi. Zomi ongkin ong it uh hileh ZCD party adeih kei phial uhleh zong
Zomi minpua party adangkhat dingding uh ahihi. Minam dang minpua a Zomi sung a
na ongsepsawm hih MP dingte peen Zomi te deeksi ongdawn a minamdang te kiang
isa ongzuakding te ahihman naak lauhuai mahmah mihingte ahihban vuah Mee
ipiaphial zong in khahpi khatzong ongtut loding cih muhsa ahihi.
ZCD peen ZNC hunlaai pek in Zomi ten
meepia in iteelngei himah leh 1990 Gaalkaap kumpi tu a USDP te in thuneihna
buluah in thautawh ong-uk cip ahihman anasepding bangmah seemkhalo a tudong
ahici om ahihi. Ahizong in 1990 kumpan tunidong Thautawi gaalkaap kumpi kita
hetlo a asukato ah ado ngam party peen Chin state bup ah ZCD bek ahihi. Tua ban
ah atung a igensa mahbang in Daw Aung San Suu Kyi,8888 te leh Democracy party
tuamtuam te in 2008 Kawlgam thukhun Hlutdaw pan puahding ci in ageel laaitak uh
ahihman hihmun ah Thu asung zoding/thei ding/ngamding leh Daw Aung San Suu Kyi
tawh khut kileending in ZCD party pan Pu Chin Sian Thang bek kituak kilawm ban
ah amahbek mah in aseemthei ding ahihi. Za ngah nopman peuh a minamdang te
party khawng ah Zomi te ongzuaksawm te pawl kizangthei lo ding ahihi.
Tua ahihman in 2014 Myanmar By
Election Tedim South Constituency ah MP
ding in ZCD party pan Pu Chin Sian Thang peen 100% mee ipiak ngeingei ding Zomi
kheempeuh I mawhpuak leh akilawm peenpeen ahihi. Hih tutung a Pu Chin Sian
Thang mee pia a MP ongsuahna in Zomi bek ahilo Kawlgammi bup aiding leh Kawlgam
Democracy ongpian nading in mannei mahmah ding ahihman lunghianglo in Pu Chin
Sian Thang bek Mee piading hihang ci in kongzawn hi.
Thang Khawm Pau Zomi
NGOနိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းများ
Friday, 16 May 2014
U-12 International ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား ကောင်းဇံမရ ရွေးချယ်ခံရ..
U-12 International ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် ဂျပန်လူငယ် လက်ရွေးစင် အသင်းတွင် မြန်မာနိုင်ငံသား ကောင်းဇံမရ ရွေးချယ်ခံရ..
ေေ.. ကောင်းဇံမရ ရွေးချယ်ခံရကြောင်း သိရှိရသည်။
ဂျပန်နိုင်ငံတွင် မြန်မာနိုင်ငံသား မိဘ၂ဦးမှ မွေးဖွားပြီး အသက် ၁၂နှစ်သာ ရှိသေးသည့် မောင်ကောင်းဇံမရသည် ယခုလက်ရှိ FC TOKYO အသင်းနှင့် BUDDY SOCCER ကလပ်အသင်းတို့တွင် ရှေ့တန်း တိုက်စစ်မှူးအဖြစ်အပြင် ဂိုးသမားတဦးအဖြစ်ပါ ဝင်ရောက် ကစားလျှက်ရှိပြီး အကောင်းဆုံး အားကစားသမား အဖြစ် အကြိမ်ကြိမ် ရွေးချယ်ခံခဲ့ရသည်။
ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက် အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား ၉၀၀ကျော်အတွင်းမှ ရွေးချယ်သည့် ၂၃ဦးစာရင်းတွင် ဂျပန်လက်ရွေးစဉ် (Goal Keeper) အဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် အားကစား ထူးချွန်သူ နိုင်ငံခြားသားများအား အထူးအားပေး ပံ့ပိုးလျှက် ရှိပြီး ဂျပန်နိုင်ငံသား အဖြစ်ပါ.. အဆင့် သတ်မှတ် ပေးလေ့ရှိသည်။
ယခုကဲ့သို့ ဂျပန်နိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ မြန်မာနိုင်ငံသား တဦးအား ဂျပန်နိုင်ငံ လက်ရွေးစဉ် ဘောလုံးအားကစား တဦးအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာဖြစ်ပြီး နောင်မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက် အားထားရသည့် အားကစားသမား ပေါ်ထွက်လာခြင်းဖြစ်သည်။
ဖခင်ဖြစ်သူ ရခိုင်တိုင်းရင်းသား ဦးမြတ်သူမှာလည်း ၁၉၉၁ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည်..။
U-12 ဂျပန်လူငယ်လက်ရွေးစဉ် မောင်ကောင်းဇံမရနှင့် အင်တာဗျူးအားလည်း ထပ်မံဖော်ပြပေးပါမည်။
..ပြည်တွင်းမှ ဆက်သွယ် မေးမြန်းလို သူများ မြန်မာ့လက်ရွေးစဉ် ဘောလီဘော သမားဟောင်း မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ ဦးမြတ်သူထံသို့ 81+9055213941 Viber ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
ဂျပန်နိုင်ငံတဝှမ်း ဝင်ရောက် အရွေးခံသည့် အသက် (၁၂နှစ်) အောက် လူငယ် လက်ရွေးစဉ် အားကစားသမား ၉၀၀ကျော်အတွင်းမှ ရွေးချယ်သည့် ၂၃ဦးစာရင်းတွင် ဂျပန်လက်ရွေးစဉ် (Goal Keeper) အဖြစ်ရွေးချယ် ခံရခြင်းဖြစ်သည်။ ဂျပန်နိုင်ငံသည် အားကစား ထူးချွန်သူ နိုင်ငံခြားသားများအား အထူးအားပေး ပံ့ပိုးလျှက် ရှိပြီး ဂျပန်နိုင်ငံသား အဖြစ်ပါ.. အဆင့် သတ်မှတ် ပေးလေ့ရှိသည်။
ယခုကဲ့သို့ ဂျပန်နိုင်ငံ၌ အမြဲတမ်းနေထိုင်ခွင့် ရရှိထားသူ မြန်မာနိုင်ငံသား တဦးအား ဂျပန်နိုင်ငံ လက်ရွေးစဉ် ဘောလုံးအားကစား တဦးအဖြစ် ရွေးချယ်ခံရခြင်းသည် မြန်မာနိုင်ငံသားအားလုံးအတွက် ဂုဏ်ယူဝမ်းမြောက် ဖွယ်ရာဖြစ်ပြီး နောင်မျိုးဆက်သစ် မြန်မာ့လက်ရွေးစဉ် အသင်းအတွက် အားထားရသည့် အားကစားသမား ပေါ်ထွက်လာခြင်းဖြစ်သည်။
ဖခင်ဖြစ်သူ ရခိုင်တိုင်းရင်းသား ဦးမြတ်သူမှာလည်း ၁၉၉၁ခုနှစ်မှ ၁၉၉၇ခုနှစ်အထိ မြန်မာ့လက်ရွေးစဉ် ဘောလီဘော အားကစားသမား တဦးအဖြစ် နိုင်ငံ့ဂုဏ်ဆောင်ခဲ့သည်..။
U-12 ဂျပန်လူငယ်လက်ရွေးစဉ် မောင်ကောင်းဇံမရနှင့် အင်တာဗျူးအားလည်း ထပ်မံဖော်ပြပေးပါမည်။
..ပြည်တွင်းမှ ဆက်သွယ် မေးမြန်းလို သူများ မြန်မာ့လက်ရွေးစဉ် ဘောလီဘော သမားဟောင်း မောင်ကောင်းဇံမရ၏ ဖခင်ဖြစ်သူ ဦးမြတ်သူထံသို့ 81+9055213941 Viber ဖြင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
သတင်း၊ ဓာတ်ပုံ.
ဒီမိုဝေယံ
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ် ခရီးစဉ်..
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ မေလ ၁၀ ရက် နံနက်ပိုင်တွင် ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရ
အဆိုပါ လူထုဆန္ဒ ရယူပွဲတွင် သောင်းချီသော ဒေသခံ ပြည်သူများ တက်ရောက်ခဲ့ကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအား ပြန်လည်ပြင်ဆင်ရေးဆွဲရန် ၉၉ရာခိုင်နှုန်းက ထောက်ခံခဲ့ကြောင်း သိရပါသည်။
“ချင်း နိုင်ငံရေးသမိုင်း (၁)”
ဆလိုင်း ချင်းဖြူ – ချင်းလူမျိုး၏ မူလဘူတ
လူမှုရေးသမိုင်းရှုထောင့်မှသော်၎င်း၊ မနုသာဗေဒအရသော်၎င်း၊ ဘာသာဗေဒအရသော်၎င်း၊ ချင်းလူမျိုးများသည် မွန်ဂိုလ် ( Mongol ) အနွယ်ဝင်၊ တိဘက်-တရုတ် မိသားစုကြီး ( Tibeto-Chinese Family/ Sino-Tibetan) မှ ခွဲထွက်သော တိဘက်-မြန်မာမိသားစု (Tibeto-Burman Sub-Family ) အနက် Assam-Burma Branch ကူကီး-ချင်း (Kuki-Chin) အုပ်စုဝင်များဖြစ်ကြပါသည်၊ ချင်းအမျိုးသားတို့သည်လျှိုမြောင် ကမ်းပါးထူထပ် သည့် တောအပြိုင်း ပြိုင်းတောင်အထပ် ထပ်မြစ်ချောင်း အသွယ် သွယ်ရောပြွန်း သည့်ဒေသတွင် နေထိုင်သူများဖြစ်သည်နှင့်အညီ ဘာသာ စကားကွဲ (Dialects) အမျိုးမျိုးကိုပြောဆိုကြပြီး မိမိတို့ဘာသာစကား ကိုယ်စီဖြင့် မိမိတို့ အမျိုးနာမည်ကို မှည့် ခေါ်ကြ သည်၊ တနည်းအားဖြင့်ဆိုသော် ချင်းတစ်မျိုးသားလုံး အားညွှန်းဆိုသော ဘုံနာမည် (Common Name / Collective Name / Nomenclature) မရှိခဲ့ဟုဆိုရပါမည်၊
အနောက်ဖက်ရှိ ဘင်္ဂလီကုလားများက ကူကီး (Kuki ) ဟူ၍ ၎င်း၊ အရှေ့ဖက် ရှိမြန်မာများက ချင်း ( Chin) ဟူ၍ ၎င်း ခေါ်ကြသည်၊ ကူကီးဟူသော စကားလုံးအဓိပါယ်ကို သေချာတိကျစွာမသိရသော်လည်း သာမန်အား ဖြင့်တောင်တန်း သားများ ဟူသောအနက် ရဟန်တူပါသည်၊ ချင်း ဟူသော စကားလုံး၏ အဓိပါယ်မှာ လူသား ဟူ၍ ဆိုရပါမည်၊ တိဘက်ကုန်းပြင်မြင့်တွင် ချိယန် ( Qi’an / Chi’an ) ဟူသော ခွေး၊ ဝက်များ မွေးမြူသည့်လူစုရှိခဲ့ရာ ၄င်းတို့သည် တိဘက် ကုန်းပြင်မြင့် အရှေ့တောင် ခြေလျှောအရပ်သို့ရောက်ရှိလာပြီး နှစ်ကာလကြာမြင့်စွာ နေထိုင် ခဲ့ကြသည်ဟုဆိုပါသည်၊ တိဘက်-တရုတ်တို့နှင့်အပြိုင် ယဉ်ကျေးမှု အဆင့်အတန်းရှိခဲ့ကြပြီး အဆိုပါ တိဘက်-တရုတ် တို့၏ ကျုးကျော်တိုက်ခိုက်မှုဒါဏ်ကြောင့် မလွှဲသာမရှောင်သာဘဲ ထိုဒေသကို စွန့်ခွါခဲ့ပြီး အထက်မြန်မာပြည် ဧရာဝ တီ မြစ်ဖျားအရပ် သို့ ရောက်ရှိလာကြသည်၊ ၄င်းအဆိုမှန်ကန်ကြောင်း သာဓကတစ်ခုမှာ ဟူးကောင်း ချိုင့်ဝှမ်း မြောက် ဘက် ချင်းတွင်းမြစ်ဖျားတွင် ချင်းရွာဟောင်းနေရာ များရှိကြောင်း ဆာအလက်ဇင်းဒါးမက္ကင်းဇီး (Sir Alexander Mackenzie ) ကဖော်ပြထားခဲ့သည်၊ ချိယန်၏ အနက်မှာ လူသား ဟုပင်ဖြစ် သည်၊
အရှို၊ တောင်သား နှင့် မတူချင်းများ၏ ဒေသန္တရ ဘာသာ Thlang ဟူသော စကားလုံးမှ ရွေ့လျော လာသည့် Khlang မှ Khyang ဖြစ်ပြီး လူ၊ လူသား ဟူသော အနက်အဓိပါယ် ရပါသည်၊ တနည်းဆိုသော် နတ်လို တောရိုင်း တိရစ္ဆာန်လိုစည်းမဲ့ကမ်းမဲ့လေလွင့်နေသူများ မဟုတ်ဘဲ အိုးနှင့် အိမ်နှင့် စည်းကမ်း ရှိရှိ အခြေ ချနေ ထိုင်ကြ သူများဟု အနက် ယူရပါမည်။
ချင်းတို့ပျံ့နှံ့လာပုံ
အဘယ်ကြောင့်ချင်းလူမျိုးတို့ကို မွန်ဂိုလွိုက်အုပ်စု (Mongoloid ) တွင် ထည့်သွင်းထားကြသလဲ ဆိုလျှင် အာရှတိုက်အလယ်ပိုင်းမွန်ဂိုကုန်းပြင်မြင့်၊ ဂိုဘီအရပ်မှစ တင်ပေါက်ဖွားလာခဲ့သည်ဟုယူ ဆကြရသောကြောင့် ဖြစ်ပါသည်၊ ထိုနေရာမှ တောင်ဘက် ဟွန်ဟို၊ ယန်စီ၊ မဲခေါင်၊ သံလွင်မြစ်ကြီးများမြစ်ဖျားခံရာ တရုတ်ပြည် အနောက် မြောက် ဂန်ဆု ( Gansu ) နှင့် ချင်းဟိုင် (Qinghai ) ဒေသသို့ ရောက်ရှိလာကြပြီး ၄င်းအရပ်မှ တိဘက် နှင့် တရုတ် ပြည်အကြား တိဘက်ကုန်းပြင်မြင့်၊ အရှေ့တောင်ခြေလျှော အရပ် သို့ရောက်ရှိလာခြင်းဖြစ်သည်၊ ၄င်းမှတဖန် အ ထက် မြန်မာပြည်ဟူးကောင်းချိုင့်ဝှမ်း၊ ၄င်းမှ ချင်းတွင်းမြစ် အတိုင်းစုန်ဆင်းလာခဲ့ကြယင်း အနောက်ဘက် အိန္ဒိယ နိုင်ငံ အရူနကျာလ်ပြည်နယ်ဖက်၊ ဆွမ်ပရာမှ နာဂလဲန်ဖက်၊ ကဘော်ချိုင့်ဝှမ်းမှမဏိပူရ်သို့ ကွဲထွက်လာ ခဲ့ကြပါ သည်၊
ပင်မအုပ်စုသည် ကဘော်မှ ကလေး၊ ယော၊ ဆော၊ လောင်းရှည် စသော တောင်ဖက် ရခိုင်ရိုးမ တောင်တန်းတလျှောက်၊ ဧရာဝတီမြစ်ဝကျွန်းပေါ် နဂရေအငူ အထိ စုန်ဆင်းပျံ့နှံ့ကြပြီး ရခိုင်ရိုးမမှ အနောက်ဖက် ရခိုင်ပြည်အနှံ့သို့၎င်း၊ ဧရာဝတီမြစ်ကိုဖြတ်ပြီး အရှေ့ဖက်ပဲခူးရိုးမတလျှောက်သို့၎င်း ပျံ့နှံ့ကြသူများရှိသကဲ့သို့ က ဘော်၊ ကလေး၊ ယော၊ ပုံတောင်ပုံညာအရပ်မှ အနောက်ဖက်ရှိ ချင်းတောင်တန်းသို့ ရောက်ကြသူများလည်းရှိ ပါသည်၊ ချင်းတောင်တန်း ကိုလွန်ပြီး လူရှေတောင်တန်းသို့၎င်း၊ ၄င်းမှတဖန် ဘင်္ဂလားဒေ့ရှ် နိုင်ငံစစ်တကောင်းတောင် တန်းနှင့် ဆီလ်ဟက်တောင်တန်း သို၎င်း ရောက်ရှိကြသူများလည်းရှိပါသည်၊
ထိုသို့ပြန့်ကျဲနေထိုင်ရာ ဒေသတစ်ခုလုံး၏ ၅ ပုံ ၁ ပုံ ၌သာ စုစည်း နေထိုင်ကြရသောကြောင့် ထိုနေရာကိုသာ ချင်းပြည်ဟုခေါ်တွင်ရခြင်းဖြစ်ပါသည်၊ ချင်းလူမျိုး များ စုစည်းနေထိုင်ရာ( Compact Area ) ၏ ခန့်မှန်း အကျယ်ဧရိယာမှာ စုစုပေါင်းစတုရန်းမိုင် (၁ဝဝဝဝဝ) ခန့်ရှိမည် ဟုယူဆရပါသည်၊ တနိုင်ငံလုံးရှိချင်း လူဦးရေ ခန့်မှန်းခြေမှာ သန်းပေါင်း (၁ဝ မှ ၁၅) ခန့်ရှိနိုင်မည်ဖြစ်သော်လည်း မှီတင်း နေထိုင်ရာဒေသ အလိုက် နာမည် အမျိုးမျိုး တကွဲတပြားစီ သုံးစွဲမှုကြောင့်၎င်း၊ နီးစပ်ရာလူမျိုးတို့၏ အဖွဲ့အစည်းတွင် ပါဝင်ကြခြင်းကြောင့်၎င်း မိမိတို့ ကိုယ်တိုင် က ချင်းဟုမခံယူသောကြောင့်၎င်း၊ ကိုးကွယ် ယုံကြည်သည့်ဘာသာ ကွဲပြားခြား နားမှုကြောင့်၎င်း ချင်းလူဦး ရေကို တိကျစွာ ခန့်မှန်းရ မလွယ်ကူတော့ချေ၊
ယနေ့ချင်းပြည်အဖြစ်မှတ်မှတ်ရရပြောဆိုနိုင်သောဒေသများမှာ မြန်မာနိုင်ငံအတွင်း ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အနောက်ဖက် အိန္ဒိယနယ်စပ် တောင်တန်း (ဝါ) ချင်းတွင်းမြစ်အနောက်ဖက် လေရှီးမြိ့နယ်မှ တောင် ဖက်တလျှောက် ၊ စစ်ကိုင်းတိုင်း တမူးခရိုင်နှင့်ကလေးခရိုင်၊ မကွေးတိုင်းရှိဂန့်ဂေါ၊ ထီးလင်း၊ ပခုက္ကူ၊ မင်းဘူး၊ သရက်ခရိုင်များ၊ ရခိုင်ပြည်တစ်ဝှမ်းလုံး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း အရှေ့ပိုင်း ရန်ဂါမတီ၊ ခြာကျရီ၊ ဘန်ဒါရ်ဘန်၊ ဆီလ်ဟက်နှင့် မိုင်မင်ဆိင်္ဂခရိုင်များ၊ အိန္ဒိယနိုင်ငံအတွင်း နာဂလဲန်၊ မဏိပူရ်၊ မီဇိုရမ်၊ အာသံ ပြည်နယ်မြောက်က စာရ် တောင်တန်းခရိုင်၊ ကစာရ်ခရိုင်၊ တြိပူရပြည်နယ် အရှေ့မြောက် ခရိုင်တို့ဖြစ်ကြပါသည်၊ (ဆက်ရန်)
Tedim Sakollam Kam Hau Tualpi nawlah naungek kipaai
Kalaisai! Na endih vuau!
Bangcia hici lawmlawm liang ihihiam?
I minam sung ah akipaisan kha, akisam mahmah i phawkloh khat om hantang leh kilawm kasahi.
I innkuan sung, i beh i phung sung, sanggam unau sung, nupa sung, Pawlpi sung, kipawlna sung, veng leh paam sung, hausa upa sung, kumpi sung kisapna lian mahmah khat om in ka ngaihsunhi.
Hihbang tawh Thupha kaai hethet loding hihang!
Tawmnocik ahi Zomi sung ah mihing genloh ganhing inzong a neihloh lungtang pua cihpen ngaihsut huai mahmah ta hihang. Khat vei bek zong hinawnlohi.
I kilam zia, i kipuakzia akhial khat om ding hiveh, ngaihsun huan dih un.
Khamtheih guih theih zatluatna leh kilawmlo zah aa sum ngahna te in i minam lungsim puak ong susia khin hileh kilawm kasahi.
Pheisam' siam, gulpi' siam tamlua zong hikha in ka umhi.
Kumpi lam pan hausa upa in amau' uk sung innkuante nuntakzia limtak theihpih sawm ciat lehang hihbang liangbel pianglo khadinghi. Innsawm uk (se-ein-gawng) in a uksung telcian mahmah leh ahamsa hetlo ding thu ahihi.
Tua ahihkei leh i Pawlpi Sia, upa, makaite'n ei upa sepna ciat, i Pawlpi miciat cian theih mahmah, kinai mahmah hilehang hibang thu ciang theih hak hetlo in ka umhi.
I minam sung ah ki-itna, ki donna, kikinna, ki awlmawhna lungsim om nawnlo ahihlam kilang lua hi.
I Christian nuntakzia kipaikhial khinta hi.
Tutung GZA leh census vai innlam, Kawlpi, Tedim, Tonzang kaphak kawikawi ciang,
Khuapi ahi aa, khuata ahizongin Zomite i hauhdante, neihsa, lamsa i khantoh ziate ka khuadak kawikawi ciang khangcing kasak ommello aa, cikciang bang i ci zentam ci-in ka dipkua niloh hi. I gamtat, i kampau ziate kua mah zahtak nawnlo, thusim nawnlo in ka cikzia lianghi. Khang kikhom ding ka muh om mello hi. Sumbawl masa "suangbawlte" icih hun aa tatzia sang kisuksia zaw hi.
Hihbang thupiangte tuate ii gah, meizom zong himai kha dinghi.
Khristian kici Thu-um mite in i sepding sem hetlo kha hiding hihang. I zuih ding zui hetlo kha hiding hihang. Kimakaih khial, kipantah khial, kalsuan khial khin hikha ngeelngeel ding hihang.
Hang Khan Lian
Block 646#13-115
Jalan Tenaga
Singapore 410646
Bangcia hici lawmlawm liang ihihiam?
I minam sung ah akipaisan kha, akisam mahmah i phawkloh khat om hantang leh kilawm kasahi.
I innkuan sung, i beh i phung sung, sanggam unau sung, nupa sung, Pawlpi sung, kipawlna sung, veng leh paam sung, hausa upa sung, kumpi sung kisapna lian mahmah khat om in ka ngaihsunhi.
Hihbang tawh Thupha kaai hethet loding hihang!
Tawmnocik ahi Zomi sung ah mihing genloh ganhing inzong a neihloh lungtang pua cihpen ngaihsut huai mahmah ta hihang. Khat vei bek zong hinawnlohi.
I kilam zia, i kipuakzia akhial khat om ding hiveh, ngaihsun huan dih un.
Khamtheih guih theih zatluatna leh kilawmlo zah aa sum ngahna te in i minam lungsim puak ong susia khin hileh kilawm kasahi.
Pheisam' siam, gulpi' siam tamlua zong hikha in ka umhi.
Kumpi lam pan hausa upa in amau' uk sung innkuante nuntakzia limtak theihpih sawm ciat lehang hihbang liangbel pianglo khadinghi. Innsawm uk (se-ein-gawng) in a uksung telcian mahmah leh ahamsa hetlo ding thu ahihi.
Tua ahihkei leh i Pawlpi Sia, upa, makaite'n ei upa sepna ciat, i Pawlpi miciat cian theih mahmah, kinai mahmah hilehang hibang thu ciang theih hak hetlo in ka umhi.
I minam sung ah ki-itna, ki donna, kikinna, ki awlmawhna lungsim om nawnlo ahihlam kilang lua hi.
I Christian nuntakzia kipaikhial khinta hi.
Tutung GZA leh census vai innlam, Kawlpi, Tedim, Tonzang kaphak kawikawi ciang,
Khuapi ahi aa, khuata ahizongin Zomite i hauhdante, neihsa, lamsa i khantoh ziate ka khuadak kawikawi ciang khangcing kasak ommello aa, cikciang bang i ci zentam ci-in ka dipkua niloh hi. I gamtat, i kampau ziate kua mah zahtak nawnlo, thusim nawnlo in ka cikzia lianghi. Khang kikhom ding ka muh om mello hi. Sumbawl masa "suangbawlte" icih hun aa tatzia sang kisuksia zaw hi.
Hihbang thupiangte tuate ii gah, meizom zong himai kha dinghi.
Khristian kici Thu-um mite in i sepding sem hetlo kha hiding hihang. I zuih ding zui hetlo kha hiding hihang. Kimakaih khial, kipantah khial, kalsuan khial khin hikha ngeelngeel ding hihang.
Hang Khan Lian
Block 646#13-115
Jalan Tenaga
Singapore 410646
ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး – အပိုင်း (၈)
ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး – အပိုင်း (၈)
သန်းဝင်းလှိုင်
မေ ၉၊ ၂၀၁၄
မေ ၉၊ ၂၀၁၄
မြန်မာ့သမိုင်းတွင် သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ် စသည့် ခေတ်အသီးသီးတွင် အုပ်စိုးခဲ့သော ဘုရင်များ၊ မင်းများ ၊ အကြီးအကဲများသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ (ပဲခူး) ၊ ရွှေဘို၊ အမရပူရ၊ မန္တလေး၊ ရန်ကုန်တို့တွင် မင်းနေပြည်တော်မြို့ကြီး တည်ဆောက်၍ စိုးစံခဲ့ကြသည်။
ကုန်းဘောင်ခေတ်၌ ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရားသည် ရတနာသိင်္ဃမြို့၊ ဒီပဲယင်းမင်းက စစ်ကိုင်းမြို့၊ မြေဒူးမင်းက ရတနာပူရ အင်းဝမြို့၊ ဗဒုံမင်းက အမရပူရမြို့ စစ်ကိုင်းဖလ်နန်းရှင်က ရတနာပူရ (ဒုတိယ)မြို့၊သာယာဝတီမင်းက အမရပူရ(ဒုတိယ)မြို့၊မင်းတုန်း
ထိုသို့ တည်ဆောက်ရာတွင် မြတ်စွာဘုရား ထားရှိတော်မူခဲ့သော ဗျာဒိတ်တော်အရ “ဇမ္ဗူဒိတ်၊ နိမိတ်ထွန်း၊ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၊ သြဘာနိမိတ်ထွန်း” ဟု ယုံကြည်၍ မြို့တော်သစ်များကို တည်ဆောက်ခဲ့သလို အခြားအကြောင်းအရင်းများ ဖြစ်သည့် ဗေဒင်ကိန်းခန်းအရ ၊ လုံခြုံရေးအရ၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအရ၊ မြို့သစ်နေပြည်တော်သစ်များ တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်းများကို ပြုလုပ်သည်ကို သမိုင်းတွင် အထင်အရှား တွေ့မြင်ရပေသည်။
ထိုသို့ နေပြည်တော်သစ် တည်ခြင်း၊ ပြောင်းရွှေ့ခြင်း လုပ်ရာ၌ ဖော်ပြပါ ဗျာဒိတ်၊ သိုက်၊ အတိတ်နိမိတ်၊ တဘောင်အိပ်မက်၊ စနည်း၊ ဘဝေါ စသည်တို့နှင့် အမြဲဆက်စပ်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဗေဒင်၊ ယတြာ၊ အင်း၊ အိုင်၊ ခတဲ့ လက်ဖွဲ့ ဂါထာ မန္တန်များကိုပါ အသုံးချကြသည်။ ကာယသိဒ္ဓိ ခေါ် ဓားပြီး ၊ လှံပြီး ၊ တူမီးသေနတ်ပြီးခြင်း၊ ကိုယ်ခံဖြစ်သည့် လက်သိုင်း၊ ဓားသိုင်း၊ တုတ်သိုင်း၊ ကြိုးသိုင်း စသည့် အတတ်ပညာများကို အသုံးချခြင်း၊ လာဘ်လာဘရွှင်လန်းရန်၊ အရောင်းအဝယ် ကောင်းရန်၊ လူချစ်လူခင်များရန်၊ အပြောအဆိုကောင်းရန်၊ ဥာဏ်ပညာထက်မြက်ရန် ပီယဆေးများကိုလည်း ထိုးကြသည်။ ရတနာဒီပံ ဖယောင်းတိုင်လည်း ထွန်းကြသည်။ ကိုယ်ကာယပေါ်တွင် ပီယဆေးထိုးကြသည်။ အမျိုးသမီးများကလည်း ပီယဆေး ထိုးကြသည်။
အိမ်ဆောက် နန်းတည်မြို့ရွာရပ်ကွက်များ တည်ဆောက်ရာတွင် အင်းများ မြုပ်နှံကြသည်။ ထိုသို့ မြုပ်နှံခြင်းဖြင့် ဖုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ သူရဲ၊ ကဝေ၊ စုန်း၊ သဘက်၊ ဘီလူး၊ မှင်စာ အခြားခြားသော မမြင်နိုင်သည့် ဘေးအန္တရာယ်များ၏ ရန်ကို ကာကွယ်တားဆီး ပေးနိုင်သည်ဟု ယုံကြည်ကြသည်။
ယင်းသို့ မင်းနေပြည်တော်တည်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပျက်စီးခြင်းသည် ဗျာဒိတ်၊ သိုက်၊ အတိတ်၊ နိမိတ်၊ တဘောင်၊ အိပ်မက်၊ စနည်းဘဝေါများနှင့် ဆက်စပ်နေကြောင်း မြန်မာရာဇ၀င် အသီးသီး၌ ပါရှိရာ ယခုနအဖခေတ်၌ နေပြည်တော်ကို ပျဉ်းမနားမြို့၌ တည်ခဲ့သည့်အကြောင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် လုံခြုံရေး၊ ဗေဒင်ကိန်းခန်း၊ မိမိ၏ ဘုန်းတော် အာနုဘော် ကြီးမားစေရန်နှင့် မိမိအာဏာ တည်တံ့ရေးအတွက် ဖြစ်ကြောင်း သိသာလှပေသည်။ နအဖ စစ်အစိုးရသည် ပျဉ်းမနားမြို့၌ နေပြည်တော်သစ်ကို ၂၀၀၁ ခုနှစ်မှစ၍ လျှို့ဝှက်တည်ဆောက်ခဲ့သည့် အဆိုပါစီမံကိန်း၏ ကန်ထရိုက်များ အဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီအပြင် အေးရှားဝေါလ်၊ ထူး၊ ယုဇန၊ တက်လမ်း၊ တက်ခမ်၊ ACE ၊ ဒဂုံအင်တာနေရှင်နယ်၊ မက်စ်မြန်မာ၊ ဒမ်းကိုး စသည့် ကုမ္ပဏီများ ပါဝင်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများလည်း ပါဝင်ခဲ့သည်။
ထို့နောက် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ အစိုးရ၀န်ကြီးများ ရန်ကုန်ရုံးစိုက်ရာမှ နေပြည်တော်သို့ ပထမဆုံး ပြောင်းရွှေ့ခဲ့သည်။ ၂ဝဝ၅ ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော် ၊ ပျဉ်းမနားတွင် တော်ဝင် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း စတင်ပြေးဆွဲ၍ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၁ ရက် နေ့တွင် မြန်မာနိုင်ငံ၏ မြို့တော် ၊ နေပြည်တော်၏ မြို့တော်ဝန်အဖြစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွှန့်အား ခန့်အပ်ခဲ့သည်။
၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် (၆၁) ကြိမ်မြောက် တပ်မတော်နေ့ကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် စစ်ရေးပြကွင်း၌ စတင်ကျင်းပခဲ့သည်။
ထိုနှစ် မတ်လ ၃ဝ ရက်နေ့မှာပင် ပျဉ်းမနား လယ်ဝေး၊ တပ်ကုန်း မြို့နယ်များပေါင်း၍ ပျဉ်းမနားခရိုင် ဖွဲ့စည်းပြီး နေပြည်တော်ကို မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။
၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင်
အာဏာလွှဲပြောင်းပေးခြင်း
နအဖ ဥက္ကဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ယခင်ပုံစံအတိုင်း ဆက်လက်အုပ်ချုပ်ရန် မဖြစ်နိုင်တော့သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးမှုကြောင့် နအဖ ကြေညာချက် ၁/၂ဝဝ၈ ဖြင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့် အညီ အကောင်အထည် ဖော်ဆောင်သွားမည် ဟု ကြေညာခဲ့လေသည်။
ထို့နောက် နှစ်ပေါင်း ၁၄ နှစ်ကြာ ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတုအယောင်ကို ၂ဝဝ၈ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် မုန်တိုင်းဒဏ်ခံရသည့် (၄၇) မြို့နယ်မှအပ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ကျန်ရှိသည့်မြို့နယ် (၈) မြို့နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှီ မြို့နယ်န (၄ဝ) တွင် မေလ ၂၄ ရက်နေ့တွင် ထပ်မံ ကျင်းပခဲ့သည်။
ထို့နောက် မေ ၂၆ ရက်နေ့တွင် မြန်မာပြည်တစ်ဝန်းလုံးတွင် ကျင်းပသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုပေး ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ရှိကြောင်း ကြေညာ၍ မေလ ၂၉ ရက်တွင် နအဖ ၇/၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကြောင်း ပြဌာန်းလိုက်လေသည်။
ယင်းနောက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် အသီးသီးအတွက် ပြည်ထောင်စု မြနမာနိုင်ငံ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စတင် ကျင်းပခဲ့လေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။
ထို့နောက် ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့တွင် နအဖ ကြေညာချက် ၅/ ၂ဝ၁၁ ဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ၂၀၁၁ ခုနှစ် မတ် ၃ဝ ၌ လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နအဖ အစိုးရက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာ ၃ ရပ်ကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာ၍ နအဖကို ဖျက်သိမ်းရန် ကြေညာခဲ့လေသည်။
ထိုနေ့မှာပင် ပြည်ထောင်စု လွှတ်တော် နာယက၏ ရှေ့မှောက်၌ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးသိန်းစိန်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး (နောင်တွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဖြင့် ပြောင်းလဲ) နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ ကတိသစ္စာပြုခဲ့ကြသည်။
တစ်ဖန် ထိုနေ့မှာပင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့သည်။
အမျိုးသားကာကွယ်ရေးကောင်စီနှင့် လုံခြုံရေးကောင်စီ၌ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည် -
၁။ နိုင်ငံတော်သမ္မတ - ဦးသိန်းစိန်
၂။ ဒုတိယသမ္မတ - သီဟသူရ ဦးတင်အောင်မြင့်ဦး
(ယခု ဦးဥာဏ်ထွန်း)
၃။ ဒုတိယသမ္မတ - ဒေါက်တာ စိုင်းမောက်ခမ်း
(ခ) မောင်အုန်း
၎။ ပြည်သူ့လွှတ်တော်ဥက္ကဌ - သူရဦးရွှေမန်း
၅။ အမျိုးသားလွှတ်တော်ဥက္ကဌ - ဦးခင်အောင်မြင့်
၆။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် - ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
- (နောင် ဗိုလ်ချုပ်မှူးကြီး)
၇။ ဒုတိယတပ်မတော် - ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ကာကွယ်ရေးဦးစီးချုပ်
- (နောင် ဒုတိယဗိုလ်ချုပ်မှူးကြီး)
၈။ ကာကွယ်ရေးဝန်ကြီးဌာန - ဗိုလ်ချုပ် လှမင်း
၉။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၀န်ကြီး - ဦး ဝဏ္ဏမောင်လွင်
၁၀။ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီး - ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
၁၁။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၀န်ကြီး - ဗိုလ်ချုပ် သိန်းဌေး
- (နောင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး) တို့ ဖြစ်သည်။
ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ လူယုံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး ၊ အမိ ဒေါ်ခင်ညွှန့်တို့မှ ဖွားမြင်ခဲ့သူ ဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာ၊ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။
ထို့နောက် စစ်တက္ကသိုလ် အပတ်စဉ် ၉ ၌ ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်) ရရှိခဲ့ပြီး၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း (၁) တွင် ဗိုလ်လ်ကြီး အဆင့်ဖြင့်လည်းကောင်း၊ ၁၉၈၂ အထိ ရမခ၊ ခလရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဖြစ် ခလရ (၈၉)၊ နတခနှင့် ကက(ကြည်း) တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး၌ ရုံးလုပ်ငန်းအပြင်ဗိုလ်ချုပ်မှူ
ဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူး
၁၉၈၈ တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ရရှိခဲ့သည်။ ၂၀၁၀ တွင် ကြံ့ဖွံ့ပါတီ၏ ဥက္ကဌတာဝန်ထမ်းဆောင်ကာ ၂ဝ၁ဝရွေးကောက်ပွဲတွင်ဇမ္ဗူသီရိ
၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် နိုင်ငံတော် သမ္မတဖြစ်လာခဲ့သူဖြစ်သည်။ ဗိုလ်ချုပ် သိန်းစိန်သည် လမ်းပြ မြေပုံ (၇) ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်၌ ညီလာခံ ဥက္ကဌအဖြစ် တာဝန်ပေးအပ် ခံရသည်။ သူသည် သဘောထား တင်းမာပြီး မောက်မာလှသည့် လက်ရှိထိပ်တန်းခေါင်းဆောင်များ အကြား၌ သဘောထားပျော့လွန်းသူ၊ ကြိုးဆွဲရာကမည့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မှတ်ချက်ပေးခြင်း ခံရသည်။
သို့ကလို ရုပ်ပြကောင်း၍ ဗန်းဖုံးလှသောကြောင့် ဒီပဲယင်း လူသတ်သမား ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားသောအခါ နိုင်ငံတကာဖိအားများကိုရင်ဆိုင်
ဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူး
ထို့ကြောင့်လည်း စင်္ကာပူနိုင်ငံ၌ အလွန်လှပသော သစ်ခွပန်း အမည်ကို ဦးသိန်းစိန်အား ဂုဏ်ပြုသည့် အနေဖြင့် ‘ဒမ်ဒရိုဗီယမ် သိန်းစိန်’ ဟု မှည့်ခေါ်ခဲ့သည်။ သူသည် အာဆီယံအဖွဲ့၌ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူ ဖြစ်ပြီး န၀တ၊ နအဖ စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်များအနက် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး ခြေချနိုင်ခဲ့သူလည်း ဖြစ်သည်။
ထို့ပြင် သမ္မတ ဦးသိန်းစိန်သည် ထိပ်တန်းစစ်ဗိုလ်ချုပ်များ အနက် အဂတိလိုက်စားမှု အနည်းဆုံးဟု ဆိုကြသည်။ သူ့သားသမီးများကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ သီဟသူရ တင်အောင်မြင့်ဦးတို့ သားသမီးများလို စီးပွားရေးကိစ္စ၌ နာမည်ပျက် မရှိချေ။ ယင်းကြောင့် သူ့ဇနီး ဒေါ်ခင်ခင်ဝင်း၏ လက်သုံးစကားမှာ အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေရတာ ဟု ဖြစ်သည်။
ယနေ့ မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရအဖွဲ့၌ ၀န်ကြီးဌာနပေါင်း (၄၀) ခု ရှိ၍ ၀န်ကြီး၊ ဒုဝန်ကြီး အပါအ၀င် ၀န်ကြီးပေါင်း ၉၆ ဦးရှိသည်။ သမ္မတ၊ ဒုတိယသမ္မတ (၂) နှင့်ဆိုလျှင် အစိုးရ အဖွဲ့ဝင်ပေါင်း ၉၉ ဦး ရှိသည်။
ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးရှိသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံပင်လျှင် ၀န်ကြီးဌာန (၂၆) ခုနှင့် ၀န်ကြီး ၂၆ ဦးသာ ရှိသည်။ ထိုနည်းတူစွာ အမေရိကန်ပြည်ထောင်စုတွင် ၀န်ကြီးဌာန (၁၇) ခုနှင့် ၀န်ကြီးအရေအတွက် (၂ဝ) ဦးသာ ရှိသလို ဗြိတိန်နိုင်ငံ၌ ဝန်ကြီးဌာန ၂ဝ၊ ဝန်ကြီးပေါင်း (၄၇) ဦးသာ ရှိ၍ ကမ္ဘာ့ဒုတိယလူဦးရေ အများဆုံးနှင့် ဖွံ့ဖြိုးပြီး အိန္ဒိယနိုင်ငံသည်ပင် ၀န်ကြီးဌာန (၃၁) ခုနှင့် ၀န်ကြီး အရေအတွက် (၃၁) ဦးသာ ရှိသည်။
မြန်မာနိုင်ငံကဲ့သို့ စီးပွားရေးချွတ်ခြုံကျ၍ အရှေ့တောင်အာရှတွင် စီးပွားရေး ၊ လူမှုရေး၊ ပညာရေး အောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့ဝင်ပေါင်း ၉၉ ဦး ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ၀န်ကြီးအရေအတွက် အဖောင်းပွဆုံးနိုင်ငံ ဖြစ်နေသည်မှာ အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသလို ဖြစ်နေပေသည်။
လက်ရှိမြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးလိုလို ဆင်းရ့ကျပ်တည်းနေသည့် အချိန်၌ အစိုးရအဖွဲ့ဝင်များ၏ မြင့်မားသည့်လစာများကို ခံစားနေခြင်းသည် တိုင်းပြည်ဘဏ္ဍာကို အကျိုးမဲ့ ဖြုန်းတီးရာလည်း ရောက်ပေသည်။
လက်ရှိအစိုးရအဖွဲ့၌ သမ္မတ တစ်ဦး၊ ဒုတိယသမ္မတနှစ်ဦး ၊ ပြည်ထောင်စုဝန်ကြီး ၄၀ ဦး၊ ဒုတိယ၀န်ကြီး ၅၆ ဦး ရှိသည်။ ယင်းအရေအတွက်သည် ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များ၊ ၀န်ကြီးများနှင့် အခြားပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များကိုပါ ထည့်ပါက ၀န်ကြီးအဆင့် ဦးရေ ၅၅ ဦး ခန့် ရှိသည်။
လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ တစ်လအတွက် ကုန်ကျငွေမှာ -
(က) သမ္မတ = ၅ဝ x ၁
သိန်း ၅ဝ
(ခ) ဒုတိယသမ္မတများ = ၄ဝ x ၂
သိန်း ၈ဝ
(ဂ) ၀န်ကြီးအဆင့် = ၃ဝ x ၄၀
သိန်း ၁၂ဝဝ
(ဃ) ဒုတိယ၀န်ကြီး = ၂ဝ x ၅၆
သိန်း ၁၁၂ဝ
စုစုပေါင်း တစ်လအတွက် ကုန်ကျငွေပေါင်း ၂၄၅ဝ သိန်း ရှိသည်။ အဆိုပါ ကုန်ကျငွေသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အစိုးရအဖွဲ့ဝင်များ၊ အခြားဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၀၀၀ နီးပါး၏ ကုန်ကျငွေ မပါသေးပေ။ ယင်းတို့ပါ ထည့်တွက်ပါက လစဉ် ကုန်ကျငွေ သိန်း ၃၅၀၀ အထက်၌ ရှိပေမည်။
ထို့ ပြင် ဦးသန်းရွှေ၏ပင်စင်လစာငွေမှာ သမ္မတလစာထက်ကျော်လွန်၍ တစ်လလျှင်ကျပ်သိန်း ၁ဝဝရယူနေသည့်အပြင်နိုင်ငံရေးဆုေ
ယင်းသို့ နိုင်ငံတော်၏ ဘဏ္ဍာငွေများထဲမှ လစဉ် ပုံမှန် အစိုးရအဖွဲ့ဝင်များသည် မြင့်မားသည့် လစာနှင့် အခြားအခွင့်အရေးပေါင်းစုံ ခံစားနေကြသော်လည်း သန်း ၆၀ နီးပါးရှိ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု အစ ရှိသည်တို့ကို တိုးတက်အောင် ဘာတစ်ခုမျှ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ စံစားနေကြသည်မှာစိတ်သန့်ပါ၏လား
ယခုအခါ ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လျှပ်စစ်မီတာခများတိုးမြှင့်ကော
အစိုးရက လက်ရှိ ကောက်ခံနေသော လျှပ်စစ်ဓာတ်အားနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ဝ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက် နေ့မှစ၍ပြင်တင် သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း တိုးကောက်ရန် အတည်ပြုခဲ့သည်။
ထိုသို့ အစိုးရက တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် NLD အပါအ၀င် အတိုက်အခံပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးသာ မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြရာ ကန့်ကွက်သူ နည်းသဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။
မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ၈၀ ရာခိုင်နှုန်း ရှိကြောင်း အရင်းမှာ ၁၅ ကျပ်ခန့်သာ ရှိကြောင်း၊ အိမ်တစ်ယူနစ်လျှင် ၃၅၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်နှင့် ရောင်းချနေသောကြောင့် မည်သည့်အတွက်မှ အရှုံးမပေါ်နိုင်ကြောင်း၊ နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေရခြင်း ဟု ဆိုကာ သုံးစွဲခ တိုးမြှင့် ကောက်ခံနေခြင်းသည် ပြည်သူများ ရေရှည်တွင် အကျိုးရှိစေရန် ဆိုသည်ထက် လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများအား အကာအကွယ်ပေးခြင်းသာ ဖြစ်သည်။ ထို့ပြင် အိမ်နိးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဓာတ်အားသုံးစွဲခမှာ များပြားနေသဖြင့် ကုန်ထုတ်လုပ်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိမည် မဟုတ်ပေ။
နိုင်ငံတော်၏ သယံဇာတကို ပြည်သူများကိုယ်တိုင် မသုံးစွဲရဘဲ စစ်အစိုးရတစ်ဖြစ်လဲ လက်ရှိအစိုးရသည် မိမိကိုယ်ကျိုးအတွက် အခြေခံက ပြင်ပသို့ ထုတ်လုပ်ရောင်းစားနေသည့်အတွက် ပြည်သူလူထုသည် ၀န်ထုပ်ဝန်ပိုး တစ်ခုအနေဖြင့် ခံစားနေရပေသည်။ အစိုးရသည် မီတာခကိုသာ တိုးမြှင့် ကောက်ခံနေသော်လည်း လျှပ်စစ်မီး မှန်မှန်လာမှု အပေါ်တွင်တော့ တာဝန်ယူမှု၊ တာယန်ခံမှုလည်း မရှိချေ။ တိုးမြှင့်ကောက်ခံသော နှုန်းထားအရ လုပ်ငန်းရှင်ကြီးများအား အစိုးရက သက်သာစေရန် စက်မှုသုံး ယူနစ် ၃ သိန်းနှင့်အထက် ဆိုလျှင် ၁ဝဝ ကျပ် နှုန်းထားသာ သတ်မှတ်ထားပေသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အများအပြား သုံးစွဲရသော နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး ခရိုနီကြီးများ ၊ နယ်ပယ်စုံ လုပ်ကိုင်နေသော ခရိုနီ ကုမ္ပဏီ အုပ်စုကြီးများကသာ အများစု ရယူလုပ်ကိုင်နေသည်။
ထို့အတွက် ယခုအတည်ပြုလိုက်သော နှုန်းထားများအရ ဆိုလျှင် အရင်းအနှီး အခြေခံ အဆောက်အအုံ နည်းပညာ လုံလောက်မှု မရှိဘဲ ကိုယ်စွမ်းကိုယ်စနှင့် ရုန်းကန်ရပ်တည်နေရသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများသာ ပိုမိုထိခိုက်မည်ဖြစ်ပြီး ယင်းအသေးစား အလတ်စား စက်မှုလုပ်ငန်းမှ ထွက်ရှိသော စားသောက်ကုန်များ အပါအ၀င် လူသုံးကုန် ပစ္စည်းများကို မှီဝဲသုံးဆောင်နေသော အောက်ခြေ ပြည်သူလူထုသည်သာ ကုန်းဈေးနှုန်းကြီးမြင့်ဒဏ်ကို ပိုမို ခံစားရမည် ဖြစ်ပေသည်။
လက်ရှိအစိုးရသည် အစစ်အမှန် ဒီမိုကရေစီကို ပြောင်းလဲနေသည်ဆိုပါက ပြည်သူ့ဆန္ဒကို အလေးထားဖို့ လိုသလို ပြည်သူလူထုကိုလည်း စောင့်ရှောက်ရန် တာဝန်ရှိပေသည်။
သမ္မတ ဦးသိန်းစိန်သည် တက်ခါစ၌ စာနယ်ဇင်းများကို စတုတ္ထမဏ္ဍိုင်အဖြစ် လုပ်ဆောင်စေရမည် ဟူ၍ ကတိပြု ပြောကြားခဲ့သော်လည်း ၂ဝ၁၄ မတ် ၁၉ ရက်က သမ္မတဦးသိန်း လက်မှတ်ရေး၍ ပြဋ္ဌာန်းလိုက်သော သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှစ်ရပ်သည် စာနယ်ဇင်းသမားများကို အခြားသော မျှော့ကြိုး ဥပဒေများဖြင့် အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲ ဖြစ်လေသည်။
ထို့ပြင် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (C.P.J) ၏ အမှုဆောင် ညွှန်ကြားရေးမှူး Joel Simon က ၂၀၁၄ မတ်လ ၁၇ ရက်က သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ ပေးစာ၌ မြန်မာနိုင်ငံ၌ စာနယ်ဇင်း လွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရ လက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း၊ သမ္မတကြီး၏ အစိုးရအနေဖြင့် နိုင်ငံခြား သတင်းဌာနများ၏ သတင်း တင်ပြမှုများကိုလည်း လျှော့ချရန် ကြိုးပမ်းချက်အနေဖြင့် နိုင်ငံခြား သတင်းသမားများ၏ ဗီဇာသက်တမ်း လျှော့ချခြင်းနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းကဲ့သို့သာ လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် လက်ရှိပြဌာန်းရန် သမ္မတကြီး၏ အတည်ပြုချက် စောင့်ဆိုင်းနေသော မီဒီယာဥပဒေကို စွန့်ပယ်ရန်နှင့် သတင်းသမားများကို နှောင့်ယှက်သော၊ ခြိမ်းခြောက်သော၊ ထောင်ဒဏ်ချမှတ်နိုင်သော အခြားဥပဒေများကို ဖျက်သိမ်းရန်နှင့် အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ရေးသားပေးပို့ခဲ့သည်။
သို့သော် C.P.၏ တောင်းဆိုထားသော ပယ်ချရန် တိုက်တွန်းခဲ့သော အချက်များကို လျစ်လျူရူ၍ မတ်လ ၁၉ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ပြဌာန်းလိုက်သည်။
ထို့ပြင်ဂျာနယ်လစ်များနှင့်ဂျာ
လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထု ၃၅ ရာခိုင်နှုန်းကျော်သည် စံမမီသည့် အိမ်ရာများ၊ ကျူးကျော် အိမ်ရာများ၌ နေထိုင်နေခဲ့ကြသည်။ လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပေါင်းစားနေသော ခရိုနီကြီးများ၏ လောဘဇောတိုက်မှုကြောင့် ပြည်သူလူထုသည် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်နေထိုင်ခဲ့သော မိမိပိုင် လယ်ယာများ မတရား သိမ်းပိုက် အနိုင်ကျင့်ခံရပြီး အိုးမဲ့၊ အိမ်မဲ့၊ လယ်မဲ့၊ ယာမဲ့ ပေါများလာကာ ဒုက္ခဆင်းရဲ ကျရောက်ခဲ့ရသည်။ ကျူးကျော်နေသည်ဟု ဆိုကာ ဖြိုချ၊ ထိုးလှဲ ခံရမှုကြောင့် ဘ၀ပျက်သူလည်း မနည်းလှပေ။ မကြာခင် ရက်ပိုင်းအတွင်း ၂ဝ၁၄ မတ်လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူများကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက် နေသော ယင်းတို့ ထမင်းအိုးဖြစ်သည့် ထန်းပင်များကို သက်ဆိုင်ရာ အာဏာပိုင်များက မတရားသိမ်းပိုက်၍ ထန်းပင်များကို ထိုးလှဲခံရမှုကြောင့် လုပ်ကိုင်စားသောက်စရာ မရှိတော့ဘဲ မုံရွာ-ပုသိမ် လမ်းမကြီးနံဘေး၌ တောင်းရမ်းစားသောက်မှု စတင်ပြုလုပ်ခဲ့ကြသည်။ ယခုအခါ မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူနေသည့် အချိန်အခါလည်းဖြစ်ရာ နိုင်ငံတကာ မျက်နှာစာ၌ အရှက်ရစရာ ဖြစ်သလို တိုင်းပြည်၏ ဂုဏ်သိက္ခာလည်း နှစ်ပြားမတန် ကျဆင်းခဲ့ရတော့သည်။
ယခင် စစ်အစိုးရလက်ထက်မှ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (၃) ခုသို့ ပေးရန် အကြွေးပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်၏ ပြောကြားချက် ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက် ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ပါရှိခဲ့သည်။ ထို့ပြင် နိုင်ငံ၏ လိုငွေဖြည့်ဆည်းရန်အတွက် အစိုးရငွေတိုက် စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များ ထုတ်ရောင်းချမှုများမှ ပြည်တွင်းကြွေးမြီ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကျပ် ဘီလျံ ၁၀၈၂၄၅ ရှိကြောင်း ၊ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ဝန်ခံသွားခဲ့သည်။
ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ပြည်တွင်းပြည်ပ ကြွေးမြီကျပ် ဘီလျံ ၂ဝ၂၂၆ ပေးရန် ရှိကြောင်း သိရသည်။ အဆိုပါ ပြည်တွင်း ကြွေးမြီ အခြေအနေအရ ပြည်တွင်းကြွေးမြှီနှင့် ဂျီဒီပီ အချိုးမှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးခန့်မှန်းခြေ ၃၇ ရာခိုင်နှုန်း ရှိပေသည်။
ဤသို့ ကြွေးမြီများ ခေါင်ခိုက်နေသော်လည်း ပညာရေးအသုံးစရိတ်သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ကျပ် ၉၀၈ ဘီလျံသာရှိ၍ ကျန်းမာရေးအတွက် ၂ဝ၁၃-၂ဝ၁၄ တွင် ကျပ် ၄ဝဝ ကျော် ဘီလျံသာ ရှိသည်။
ထို့ပြင် ပြည်သူလူထု အစိုးရအပေါ် မကျေနပ်ချက်များ နှိပ်ကွပ်ရန်အတွက် အဓိကရုဏ်းနှိမ်နှင်းရေး ယာဉ်များအပါအ၀င် အဓိကရုဏ်း နှိမ်နှင်းစီမံကိန်းများအတွက် ပြည်ပမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲနေကြောင်း သိရှိရသည်။
သမ္မဦးသိန်းစိန် လက်ထက်၌ ခွင့်ပြုထားသော ပုဂ္ဂလိကဘဏ် ၂၂ ဘဏ် ရှိသည့်အနက် ၁၂ ဘဏ်မှာ ထိပ်တန်း အခွန်ဆောင် စာရင်းတွင် ပါဝင်ခြင်း မရှိသလို ဘဏ်၌ မတည်ထားသည့် ငွေများလည်း ငွေဖြူ ဖြစ်မဖြစ် ပွင့်လင်းမြင်သာ မရှိချေ။
မည်သို့ဆိုစေ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် လက်ရှိအခြေအနေ၌ ကိုယ်ယောင်ဖျောက်၍ မြန်မာနိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်သို့ ရောက်သွားသော်လည်း လက်ရှိအစိုးရ၏ ယန္တရားကို ချုပ်ကိုင်ထားဆဲပင် ဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်က ဧရာဝတီ သတင်းဌာနနှင့် ကြံ့ဖွံ့ပါတီ ဒုဥက္ကဌ ဦးဌေးဦးနှင့် သီးသန့်တွေ့ဆုံစဉ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ရှိအခြေအနေ နိုင်ငံရေးကို စိတ်ဝင်စားဆဲဖြစ်၍ လက်ရှိနိုင်ငံရေးကို မျက်ကွယ်ပြုမထားသော်လည်း နောက်ကွယ်မှ ကြိုးကိုင်နေခြင်း မရှိဟု ဆိုသည်။
လက်ရှိဒီမိုကရေစီ အပြောင်းအလဲ တစ်ခုလုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့သောကြောင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တရားမျှတမှု အနိုင်ရသူများအား တရားဝင် အာဏာလွှဲပြောင်းပေးမှု၊ ပြည်သူလူထု လိုလားသော လူထုခေါင်းဆောင်အား သမ္မတင်မြှောက်ခွင့် အပါအ၀င် တည်ငြိမ်အေးချမ်းစွာ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ အခြေအနေအားလုံးသည် ဗိုလ်ချုပ်မှူးကြီး၏ လက်ထဲတွင်သာ ရှိနေပေသည်။
အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရအဖွဲ့၌နေသော ပုဂ္ဂိုလ်အခြေအနေများ၌ သဘောထား တင်းမာသူ၊ ပျော့ပြောင်းသူအားလုံးကို သူကိုယ်တိုင် စနစ်တကျ ရွေးချယ်နေရာချထားပေးကာ စီမံခန့်ခွဲ ထားသောကြောင့် ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံသည် အလွန်တရာ အကဲဆတ်သော အနေအထားတွင် တည်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယုံကြည်စိတ်ချ၍ သူနှင့် သူ့မိသားစုအား ဘဝအာမခံချက်ပေးမည်သူကိုသာ သမ္မတအဖြစ် (၀ါ) နိုင်ငံတော် အုပ်ချုပ်ခွင့်အာဏာကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါသည်။
မည်သို့ဆိုစေ ယခုအခါ မြန်မာပြည်သူများ၏ ထောက်ခံမှုနှင့် ချစ်ခင်မှုအများဆုံး ရရှိထားသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာရေး ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြသည်။
သို့သော် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးအတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ၌ ပါဝင်သည့် နိုင်ငံတော်အကြီးအကဲ ကဏ္ဍ၌ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၏ အရည်အချင်းများကို ကန့်သတ်ထားသော ပုဒ်မ ၅၉ (က) (ခ) (ဂ) (ဃ) (င) (စ) (ဆ) အချက် (၇) ချက်ကို ပြုပြင်ရန် လိုသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း သဘောတူညီရမည့် ပုဒ်မ ၄၃၆ (က) ကိုလည်း ပြင်ဆင်ပေးရန် လိုပေသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) သည် အများပြည်သူအားလုံး မျှော်လင့်တောင့်တနေသော ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေး
Kham Khan Suan (Artist Kyaw Kyaw Oo)
Subscribe to:
Posts (Atom)